|| 2 ||

541 67 39
                                    

[Zawgyi]

မှန်တင်ခုံရှေ့ ထိုင်နေရင်း ရှပ်အင်္ကျီအဖြူပါးလေးအား ကြယ်သီးဖြုတ်၍ ပုခုံးမှလျှောချလိုက်သည်။ လည်ပင်း ၊ ညှပ်ရိုး ၊ ရင်ညွှန့် ၊ ပုခုံးထောင့်စွန်းတို့မှ အညိုကွက် ၊ အနီကွက်နှင့် အကိုက်လွန်ပြီး ခရမ်းပုပ်ရောင်အသွင်ပြောင်းနေသော အမှတ်သားတချို့အား ကြည့်ရင်း ခပ်ရေးရေးကလေး တစ်ချက်ပြုံးလိုက်မိသည်။

သခင် ကျွန်တော့်ကို ဘာကြောင့်မုန်းသလဲ။ ကျွန်တော်ဟာ မုန်းစရာကောင်းနေလို့များလား။ မေးခွန်းတစ်ခုရဲ့ နောက်မှာ နောက်ထပ်မေးခွန်းတစ်ခု ထပ်ရှိနေတဲ့ ကိစ္စမျိုးက အတော်ကို စိတ်ပျက်ချင်စရာ ကောင်းသည်။ လက်မခံချင်စရာလဲ ကောင်းလိမ့်မည်။

'ဒေါက် ဒေါက် ဒေါက် '

အတွေးစတို့အား ဖြတ်တောက်လိုက်သည့် တံခါးခေါက်သံကြောင့် လျှောကျနေသည့် အင်္ကျီကိုဆွဲတင်ရင်း ကြယ်သီးများကို ပြန်တပ်လိုက်သည်။ သက်ပျင်းတစ်ချက်ချရင်း နောက်ဆုံးကြယ်သီးတစ်လုံးကို တပ်ရင်း အသံပြန်ပေးလိုက်သည်။

" ဝင်ခဲ့ပါ။ "

အသိပေးသံအဆုံး ပန်ကန်လုံး ၊ ရေခွက်တို့ကို တင်ထားတဲ့ ဗန်းလေးအားကိုင်ရင်း ဝင်လာတဲ့ အိမ်အကူမလေးက သူ့အားမကြည့်မိအောင် ​ခေါင်းကို ငုံ့ထားလေသည်။ တစ်ချက်ကလေး မော့ကြည့်လာသည်မို့ အသာပြုံးပြတော့ အိပ်ခန်းထဲက စားပွဲခုံလေးပေါ် ယူလာသည်များ သွားချပေးသည်။

" ဆန်ပြုတ်သောက်ပြီးရင် ဆေးသောက်ဖြစ်အောင် သောက်ပါလို့ သူဌေးက မှာခဲ့ပါတယ်။ ​ဆေးလဲ ယူလာပေးပါတယ်။
တကယ်လို့ တခြားစားချင်တာရှိရင် ပြောပါ။ "

" ရပြီ။ ကျွန်တော် ဆန်ပြုတ်ပဲ ​သောက်လိုက်မယ်။ "

" ဟုတ်ကဲ့။ နောက်ပြီး သူဌေးက ဒီနေ့သွားစရာရှိလို့ အိမ်ပြန်နောက်ကျမယ်လို့ ပြောပါတယ်။ ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်"

" ဟုတ်ကဲ့"

ခေါင်းလေးငုံ့လို့ အရိုအသေပေးကာ ပြန်ထွက်သွားသော အိမ်အကူမလေးအား မေးချင်နေသည့် သခင်ဘယ်သွားတာလဲ ဆိုသည့် မေးခွန်းကို လည်ချောင်းထဲတွင်သာ သိမ်းရင်း ဖျောက်ဖျက်ပစ်လိုက်ရသည်။

|| MASTER's || Z+UWhere stories live. Discover now