|| 18 ||

328 53 56
                                    

[ Uni ]

" စီနီယာကလည်း။ နောက်ဆုံးတစ်ခေါက်ပဲလေနော်။ ဒီတစ်ခုလေး ဆော့ပြီးရင် ပြန်မယ်နော် .. နော်။ "

" Kyungsoo ရလို့လား။ "

Kyungsoo ရဲ့ အနည်းငယ် နီနေတဲ့ နှာဖျားလေးကို ကြည့်ပြီး မေးတော့ ပြုံးပြီး ခေါင်းတစ်ဆဆတ်ဆတ် ငြိမ့်ပြသည်။  ဖြစ်ပုံကတော့ ညဈေးတန်း လည်ကြမလားလို့ မေးထားတာမို့ Kyungsoo က သွားချင်ပါသည်တဲ့လေ။ နောက်ပြီး ညခင်းက ရုံးခွဲမှာ ပြောပုံအရ CEO နဲ့ Kyungsoo တစ်ခုခု ဖြစ်ထားပုံရသည်။ တစ်အိမ်ထဲ အတူတူနေကြတာဆိုတော့လည်းလေ။ Kyungsoo က မသောက်နိုင်မှန်းသိသာသည်။ ဆိုဂျူ တစ်ပုလင်းခွဲလောက်ပဲ သောက်ပြီး ယိုင်နေသည်။

" ဟင့် .. အရုပ်ကို ဘယ်လိုချိတ်ထားမှန်းမသိဘူး။ ဒီလောက်ပစ်နေတာကို မရလာဘူး! "

အရုပ်ပစ်တာ မရလို့ ငိုမဲ့မဲ့ဖြစ်နေတဲ့ ဂယောင်ဆူးကို အသာဆွဲခေါ်ကာ ညဈေးတန်းမှ လွှတ်သည့်နေရာသို့ ထွက်လာခဲ့လိုက်သည်။ တစ်လမ်းလုံးလည်း ပွတ်‌ကျွတ် ပွတ်ကျွတ်နဲ့ ဘာတွေ ပြောမှန်းမသိ။

" Wu Jong In ! "

ရုတ်တရက် သွားနေရာမှ ရပ်လိုက်ပြီး သူ့နာမည်ကို အလန့်တကြားထအော်သည်။

" ခင်ဗျာ "

" ခ်ခ်! "

သူထူးတော့ အမူးသမားလေးက ရီနေသည်။ လမ်းမကြီးပေါ်က ပလက်ဖောင်းက ကျယ်လို့မှ တော်တော့သည်။ အမူးသမားလေးက ဟိုထိုးဒီထိုးလျှောက်နေတာမို့ လိုက်ဆွဲရသေးသည်။

" သခင်ကလေ ကျွန်တော့်ကို သိပ်မုန်းနေတဲ့ပုံပဲ။ "

ဆိုဂျူအရှိန်နဲ့ မျက်စိခပ်မှေးမှေးဖြစ်နေတဲ့ Kyungsoo က နှုတ်ခမ်းလေးစူပြီး ပြောလာသည်။ သူ့ဘက်ကိုလည်း ပိုတိုးလာသေးသည်။ ဒီကလေးနဲ့တော့။ တစ်ခုခုလုပ်ပစ်မိတော့မယ်။

" ဘယ်သူလဲ Kyungsoo ရဲ့။ Kyungsoo က ဒီလောက် ချစ်ဖို့ကောင်းတာ။ "

" CEO ပေါ့ Park Chanyeol ဆိုတဲ့ လူကြီးလေ! "

" ဟာ .. Kyungsoo ! "

|| MASTER's || Z+UWhere stories live. Discover now