|| 12 ||

345 53 26
                                    

[ Uni ]

"ငါ မင်းကို ကိုက်စားမှာမလို့လား။ တစ်ယောက်ထဲပြန်သွားရအောင်။ "

သူခေါင်းငုံ့လို့သာ ရပ်နေမိသည်။ လက်နှစ်ဖက်ကို အကြောင်းအရင်းမရှိ ဆော့ကစားနေရင်း မော့မကြည့်ရဲသည်မို့ ကြမ်းပြင်ကိုသာ အကြည့်ပို့ထားလိုက်သည်။ သူကလဲ သူပဲ။ ဘာလို့များ ဘတ်စ်ကားစီးပြီး ပြန်ခဲ့မိပါလိမ့်။ ရုံးမှာ ပထမဆုံးနေ့၊ နောက်ပြီး သခင်က ကျွန်တော်တို့ထက် နောက်ကျမှပြန်လေ့ရှိတယ်လို့ ပြောတာမို့ သူလဲ ဘတ်စ်ကားဖြင့်သာ ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

" အမေ့.....! ''

သူ့ခါးမှထိန်းကိုင်လို့ ခန္ဓာကိုယ်ကို ပုခုံးထက် စွေ့ခနဲတင်လိုက်တဲ့ သခင်ကြောင့် လူက လေထဲမှာ ပျံနေရသလို။ ဒီလို အနေအထားမျိုး တစ်မျိုးဖြစ်တာကြောင့် သခင့်ကျောကုန်းမှ အက်ျီစတို့အား ဆုပ်ကိုင်လိုက်ရသည်။ သခင့်ပုခုံးထက်မှာ ကားကားယားယားကြီးနဲ့ ကျွန်တော့်ပုံစံက ရယ်ဖို့တော့ ကောင်းနေလိမ့်မည်။

" သ..သခင်။ ချပေးပါလို့။ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ ချပေးပါ။ အဟင့်...."

ငိုမဲ့မဲ့နဲ့ ထွက်လာတဲ့ အသံလေးကြောင့် သူ ကျေနပ်စွာပြုံးလိုက်ပြီး ပုခုံးထက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ခန္ဓာကိုယ်ကိုငြိမ်သွားအောင် ပိုတင်းကျပ်စွာ ထိန်းကိုင်လိုက်သည်။

" ငြိမ်ငြိမ်နေ! ပစ်ချလိုက်လို့ရတယ်။ "

ခပ်မာမာ သခင့်အသံကြောင့် လူကတန်းပြီး ငြိမ်သွားမိသည်မှာ အမှန်။ ငိုချင်တာပဲသိတယ်။ စိတ်ထဲမှာ သုံးထပ်တိုက်ပေါ်ရဲ့ အစွန်မှာရပ်နေရသလိုပဲ။ အရပ်ရှည်လိုက်တာလဲ လွန်ရော။ ဟင့်။

" နောက်နေ့ ငါ့ကိုမစောင့်ပဲ ပြန်ရင် အဲ့လိုပုခုံးပေါ်တင်ပြီး ခေါ်သွားမှာ။ ကြားလား ။ " (ဘာ‌ဆိုင်လဲကွာ" ဘာမှလည်း မဆိုင်;3)

ကြောက်ကြောက်လန့်လန့်နဲ့ မျက်စိမှိတ်ထားလိုက်တာ သခင်က သူ့ကို နူးညံတဲ့ အထိအတွေ့ပေါ် ချပေးရင်း ပြောလာကာမှ မျက်လုံးဖွင့်မိသည်။ သူ့အခန်းထဲက မွေ့ယာပေါ်မှာပင်။

|| MASTER's || Z+UWhere stories live. Discover now