A/N, warning ပဲ ပေးပါတော့မယ်။ mature on ထားတာ ဖြုတ်လိုက်ပါပြီ။ ဒါကြောင့်မလို့ ဒီအပိုင်းကို warning ပေးပါတယ်။
[Zawgyi]
" သား ရောက်နေတာလား။ "
အိမ်ကိုရောက်တော့ အစ်မအခန်းထဲမှာ ဆိုတဲ့ omma ကြောင့် ဧည့်ခန်းထဲမှာပဲ ထိုင်စောင့်နေဖြစ်သည်။ အပေါ်ထပ်မှဆင်းလာတဲ့ omma က သူ့ကိုမြင်တော့ ဝမ်းသာသွားဟန်ရှိသည်။
" ဟုတ်တယ် omma။ နေကောင်းပါတယ်နော်။ "
သူ့ဘေး ဝင်ထိုင်တဲ့ omma က သူ့လက်လေးကို ဆုပ်ကိုင်ရင်း တစ်ပြုံးပြုံးနဲ့ ခေါင်းလေး ညိတ်ပြသည်။
" ကောင်းပါတယ်ကွယ်။ သားလဲ အလုပ်တွေရှုပ်နေမှာကို ဘာလို့လာခဲ့တာလဲ။ ဟိုအိမ်မှာပဲ ပြန်နားနေတာမဟုတ်ဘူး"
" အဲ့လောက်တော့လဲ မရှုပ်ပါဘူး။ အစ်မရော"
" မင်းအစ်မကို အခုလေးတင် ညနေစာကျွေးပြီး ဆင်းလာတာ။ သားရော စားပြီးပြီလား။ မစားရသေးရင် ဒီမှာပဲစားလိုက်လေ။ omma ပြင်ပေးမယ်"
ပြောပြောဆိုဆို ထမလို့လုပ်နေသည့် omma ရဲ့ လက်ကို ပြန်ဆွဲရင်း ဆိုဖာတွင်သာ ပြန်ထိုင်စေသည်။
" တော်ပါပြီ။ ကျွန်တော် မစားတော့ဘူး။ omma ကျွန်တော် အစ်မအခန်း ခဏသွားလိုက်ဦးမယ်။ "
" သွားလေ။ "
omma ကို အရိုအသေပေးပြီး အပေါ်ထပ်က အစ်မအခန်းထဲသို့မဝင်ခင် တံခါးအား အနည်းငယ်ဟပြီးကြည့်တော့ ထင်တဲ့အတိုင်း မှောင်မဲနေတဲ့အခန်းလေးက ညမီးအိမ်ရဲ့ အကူအညီကိုသာ ယူထားသည်။
" အစ်မ။ ကျွန်တော် ဝင်လာမယ်နော်"
အသံပေးပြီး အထဲသို့ဝင်ခဲ့တော့ ဝှီးချဲ ပေါ်မှာ ထိုင်နေတဲ့ အစ်မက ကျွန်တော့်အား တစ်ချက်သာလှမ်းကြည့်ပြီး သက်ပျင်းတစ်ချက် ချသည်။
" အစ်မ။ ဆေးသောက်ပြီးပြီလား။ "
" အင်း။ "
ထိုတစ်လုံးသာ ပြန်ဖြေပြီး မျက်နှာလွှဲလိုက်တဲ့ အစ်မ။
အေးတိအေးစက်နဲ့ အစ်မရဲ့ပုံစံက သူ့စိတ်ကို အဆုံးအစွန်ထိကို ဆွဲချသည်။ ကားအက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အစ်မရဲ့ ကျန်မာရေးသည် အနည်းငယ်ချို့ယွင်းသွားခဲ့သည်။ ဦးခေါင်းပိုင်းကို ထိတဲ့ ဒါဏ်ရာမလို့ မတော်တဆဖြစ်ပြီးနောက်ပိုင်း အစ်မရဲ့ ကျန်းမာရေးအရ စိတ်အခြေအနေသည် ကလေးတစ်ယောက်ကဲ့သို့ ပြုမှုသည်။ သူငယ်ပြန်တယ် လို့လဲ ပြောလို့မရ။ အနည်းငယ် .. အနည်းငယ်လောက် ကလေးဆန်ကာ သူ့အပေါ်စိမ်းကားသွားသည်။
YOU ARE READING
|| MASTER's || Z+U
Randomသခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... ••• သခင် ထားရာနေ စေရာသွား အကျည်းတန်ကျွန်တော်သည် သခင့် ကြွေရုပ်လေးတော့ မဟုတ်ခဲ့ချေ..... start date - 24.8.2021 End date - ? chansoo 박찬열 × 도경수 #zawgyi+uni