|| 13 ||

330 59 24
                                    

[ Uni ]

" kyungsoo ရေ..အစ်မတို့တော့ပြန်ပြီ။ "

" ဟုတ်ကဲ့။ ကောင်းကောင်းပြန်ကြပါ။ "

ရုံးဆင်းချိန်ရောက်ပြီမို့ ပြန်ဖို့ရာ တက်ကြွနေကြသည့်ဝန်ထမ်းများ။ ကျွန်တော့်ကတော့ ထုံးစံအတိုင်း သခင့်အား စောင့်ပြီးမှပြန်ရတာကြောင့် အလုပ်မရှိတော့တောင်မှ သူ့မှာ ဒီရုံးခန်းထဲထိုင်စောင့်ရသည်။

" အင်း....ငြောင်းလိုက်တာ။ "

ထိုင်ရာမှထလို့ ရှိသမျှ အကြောတွေဖြေလျှော့လိုက်ပြီး အငြောင်းဆန့်လိုက်သည်။ အခုချိန်ဆို ကျွန်တော်တစ်ယောက်ထဲမလို့ တိတ်ဆိတ်နေတဲ့ ရုံးခန်းကြီးက အနည်းငယ်တော့ ခြောက်ခြားဖို့ကောင်းမိသည်။ ရုံးခန်းထဲ ဟိုကြည့်ဒီကြည့်နဲ့ စူးစမ်းနေမိသည်။ ဒီမှာ အလုပ်ဝင်တာ တစ်လကျော်နေပြီမို့လို့ အကုန်လုံးနဲ့တော့ နေသားကျနေပြီဖြစ်သည်။

" ဒါ စီနီယာ့ဟာများလား။ "

ကျွန်တော့်ဘေးက စီနီယာ jong in ရဲ့ ခုံအောက်မှာ ကျနေတဲ့ ဖောင်တိန်လေးကို ကောက်လိုက်သည်။ ဖောင်တိန်မှာ soo ဆိုပြီး ရွှေရောင်အကွပ်လေးနဲ့ စာလုံးဖော်ထားသည်။ သူ့နာမည်မှာလဲ soo ပါတာပဲ။ ဘယ်သူ့ဟာလဲ ကျွန်တော်မသိတာမို့ ဒီအတိုင်း စားပွဲပေါ်တွင်သာ တင်ထားလိုက်သည်။ နာရီကိုလှမ်းကြည့်တော့ သခင်ရုံးဆင်းချိန်က နောက်နာရီဝက်လောက် လိုသေးသည်။ ပျင်းလာတာနဲ့ ရုံးခန်းအပြင်သို့ ထွက်လာလိုက်သည်။

" စီနီယာက မပြန်သေးဘူးလား မသိဘူး "

ဓာတ်လှေကားရှိပါလျက် ရိုးရိုးလှေကားနဲ့ အောက်ဆင်းသည်လဲမဟုတ် အပေါ်သို့တက်သွားတဲ့ စီနီယာကြောင့် သူလိုက်ကြည့်မိသည်။ သူရောက်နေတဲ့နေရာက ကုမ္ပဏီရဲ့ ခေါင်မိုးထပ်တွင်။ အကြောင်းအကျိုးမရှိ သူပါ လိုက်လာမိလိုက်သည်။

ညနေခင်းဆည်းဆာအောက် စီနီယာ့ရဲ့ ကျောပြင်ကျယ်ဆီက ဝမ်းနည်းမှုကို သူပါခံစားမိသည်။ သွားရင် ကောင်းမလား။ အောက်ပြန်ဆင်းရင်ပဲ ကောင်းမလားနဲ့ ထိုနေရာတွင်သာ ဆယ့်ငါးမိနစ်လောက် ရပ်နေမိသည်။ ထိုဆယ့်ငါးမိနစ်အတွင်း စီနီယာသည်လဲ မလှုပ်မယှက်နဲ့သာ ရှိနေသည်။

|| MASTER's || Z+UWhere stories live. Discover now