Chapter 01 (Zawgyi)

5.9K 263 2
                                    

Outside the Law 01

Ping မြို့၏ သီးသန့်ပါတီများသည် အမြဲတစေအလွန်တရာမှပေါများလှသည်။

Ping City ၏ ပြည်တွင်းသတင်းစာအစီရင်ခံစာများအရ စီးပွားရေးသည်မည်မျှပင်ဆိုးဝါးပါစေ၊ ဤနေရာတွင် တစ်ခုတည်းသောသွေဖည်မှုမှာ မျက်နှာတွေပြောင်းသော်လည်း မပြောင်းလဲသော လူစုလူဝေးများ၊ ပါတီများတည်ရှိရာနေရာများ၊ Live တီးဝိုင်းများတည်ရှိရာများ နှင့် အမျိုးသမီးများ ကိုင်တွယ်သွားလာနေသော ပိုက်ဆံအိတ်အမျိုးအစုံစုံပင် ဖြစ်သည်။

Luo Yu က ထိုသို့သောနေရာများသို့ အများအားဖြင့် လာရောက်လည်ပတ်သူဖြစ်ပေသည်။ သူသည် စတိုင်ကျသော သံမဏိမီးခိုးရောင် သုံးဆင့်ဝတ် ဝတ်စုံပြည့် (Full suit) ကို ဝတ်ဆင်ထားကာ Ping City ၏ မြို့တော်ခန်းမမှ အရာရှိနှင့်ချောချောမွေ့မွေ့စကားပြောနေပြီး ဘေးတွင် သူ၏လက်မောင်းတွင် တွဲခိုနေသော လှပသော အမျိုးသမီးအဖော်ရှိခဲ့သည်။

"--မစ္စတာ။ Luo! "

ရုတ်တရက်အော်သံတစ်ခုသည် လေထုထဲသို့ဖြတ်သန်းပေါ်ပေါက်လာသဖြင့် ဧည့်သည်များစွာသည် အသံဦးတည်ရာ တံခါးကိုကြည့်လိုက်ကြသည်။

Luo Yu လည်း အသံကိုကြားတော့ ကခေါင်းလှည့် ကြည့်လိုက်သည်။ ၎င်းသည် သူ၏ ကိုယ်ရေးလက်ထောက် ဖြစ်နေသည်။ Lu Yi (လုယီ) ၏မျက်နှာသည် ဖျော့တော့နေပြီး နဖူးတွင်ချွေးများထွက်နေသည်။ သူ့နောက်တွင်သက်တော်စောင့်နှစ်ဦး လိုက်ပါလာသည်။
ယနေ့ညပါတီပွဲ၌ လူအများစုရှေ့တွင် ထွက်ပေါ် မပြသင့်သောလူမှာ Lu Yi (လုယီ) ပင် ဖြစ်သည်။

Luo Yu ၏ မျက်ခုံးများအနည်းငယ်တွန့်သွားသည်။ သူကလက်ပတ်ကို မြှောက်လိုက်ပြီး နာရီကို စစ်ဆေးကြည့်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ သူ့အား သွားခွင့်ပြုရန် ခွင့်တောင်းကာ စကားပြောလက်စ အား လက်စသတ်လိုက်သည်။ပြီးနောက် Lu Yi (လုယီ) ဆီကို အလျင်အမြန်လမ်းလျှောက်ခဲ့သည်။

Luo Yu အတွက် Lu Yi (လုယီ) သည် အရောင်းအဝယ်တစ်ခု ပြီးမြောက်အောင် လုပ်ခဲ့သင့်သည်။
Ping မြို့မြောက်ဘက် လီကျွန်း (Li Island) ၏ ကုန်တင်ကုန်ချဆိပ်ကမ်းကို ရောက်ရန်စီစဉ်ထားသော လက်နက်အစုံအလင်ရှိသည်။ Lu Yi (လုယီ) သည် Luo Yu ကလက်ခံရန်တာဝန်ပေးအပ်ခံရသူဖြစ်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now