သိပ်မကြာခင်မှာဘဲ ပရဟိတလေလံပွဲ စတင်ခဲ့သည်။ လက်ဝတ်ရတနာတစ်ချို့နဲ့စတင်ခဲ့ရာ Su Jiawen (စုကျားဝမ်) နဲ့ Luo Yu (လော့ယွီ) တို့က သိပ်စိတ်မဝင်စားခဲ့ကြပေ။ Su Jiawen က သာ Luo YU ကို ကော်လိုကပ်နေကာ နားနားကပ်၍ မည်သည့် ဈေးက မည်သို့ဖြစ်နိုင်မည်ကို ပြောနေသည်။
Luo Yu သည်လေလံပွဲတွင် ပါဝင်သောအခါစကားပြောခဲသည်။ သို့သော် Su Jiawen ၏ စပ်စပ်စုစု တောင်စဉ်ရေမရ ပြောနေသည်များကို ကြားနေရသည်မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။ ထို့ကြောင့်သူလည်း လိုက်လျောညီထွေ ဆွေးနွေးပေးခဲ့သည်။
ဒုတိယမြောက်နောက်ဆုံး ပန်းအိုးသည် Su Jiawen သဘောကျသော ဖန်စီပန်းအိုးဖြစ်သည်။ Luo Yu သည် အခြားဝယ်သူများအား ဘုတ်ပြားကို အရင် မြှင့်တင်ခွင့်ပေးကာ ဈေးငြိမ်ရန် စောင့်နေလိုက်သည်။
(T/N: လေလံပွဲတွေမှာမြင်ဖူးမှာပါ ဈေးခေါ်ရင် မြှောက်ပြတဲ့ လှော်တက် အသေးလေးလို ဘုတ်ပြားလေးကိုပြောတာပါနော်။)
ထို့နောက် လေလံတင်သူက ဒုတိယအကြိမ် တုံးခေါက်၍ ဈေးငြိမ်စေတဲ့အခါ Luo Yu က ဈေးတင်လိုက်သည်။
သူက လေလံဈေးတင်ကာ ပါလိုက်သည်နှင့်တပြိုင်နက် Jiang Qi (ကျန်းချီ) သည်လည်း ဆိုင်းဘုတ်ကိုမြှင့်လိုက်သည်။
Luo Yu မျက်မှောင်ကြုတ်ပြီး Jiang Qi ကိုမော့ကြည့်လိုက်ကာ သိန်းတစ်ထောင်ထပ်တိုးရန် ဘုတ်ပြားထောင်ကာ လေလံဆွဲလိုက်သည်။
Su Jiawen သည်လေလံတင်သူ လူကြီးမှ ခေါ်သော ဈေးနံပါတ်များကိုကြားရသောအခါ ကြောက်လန့် အံ့အားသင့်သွားသည်။ သူက Luo yu ၏ အင်္ကျီလက်များကို ဆွဲလိုက်ကာ
"ဒီလောက်စျေးကြီးတာ မယူဘဲ နေကြရအောင်" မမျှော်လင့်ဘဲ Jiang Qi က ဘုတ်ပြားကိုထပ်ထောင်လိုက်သောအခါ Su Jiawen က Luo Yu ရဲ့လက်ကိုဆွဲထားလိုက်ပြီး
"Mr. Luo လေလံမပစ်ပါနဲ့တော့ ၊ ဒီလို ပုံစံပန်းအိုးတွေက နေရာတိုင်းမှာရှိတဲ့ ရှေးဟောင်းဆိုင်တွေမှာ အများကြီး ရနိုင်ပါတယ်"
Luo Yu ကသူ့ကိုလျစ်လျူရှုကာ Su Jiawen ၏ လက်ကိုစိတ်မရှည်စွာဖယ်ထုတ်လိုက်ပြီး ဘုတ်ပြားကို ဆက်လက်ကိုင်ထားပြီး သူ၏ခြေကိုတစ်ဖက်ပေါ်တင်ချိတ်ကာ ထိုင်လိုက်သည်။ နောက်ဆုံးတွင် Jiang Qi ကအလွန်ဒေါသထွက်စရာကောင်းသောဈေးသို့မြှင့်ခေါ်လိုက်အခါ Luo Yu ကဆိုင်းဘုတ်ကို ဘေးသို့ပစ်ချလိုက်ပြီး Jiang Qi ကိုပြောလိုက်သည်။
![](https://img.wattpad.com/cover/281930554-288-k275356.jpg)
VOCÊ ESTÁ LENDO
နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]
Ficção GeralUnicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်ကြီးတဲ့ Gangster နဲ့ သွေးအေးပြီး ပေါ့ပေါ့ပဲ နေတတ်တဲ့ ခေါင်းဆောင် Luo yu x Ruan Zheng Title - Outside...