Outside the Law 07- Part 2/2
TW// Abuse and sexual content at the end!Luo Yu (လော့ယွီ) က မဖြေသောကြောင့် Luo Yu ကို ပိုနူးညံ့သော အသံသေးသေးလေးနဲ့ ပြောလိုက်သည်။
"မင်း ခုတလော သတိထားရမယ်"
"ဘာကြောင့်လဲ"
Luo Yu က Su Jiawen (စုကျားဝမ်) ကို စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"ငါ ... "
Su Jiawen က အမူအရာက ရှုပ်ထွေးနေပြီး ပြောရန် သင့်မသင့် အနည်းငယ်ရုန်းကန်နေပုံရသည်။ ပြီးမှ ပြောသည်။"မနေ့က Mr Jiang စာကြည့်ခန်းထဲမှာ ဖုန်းဆက်ပြီးစကားပြောနေတုန်း ငါဖြတ်သွားတာ သူ့တံခါးက မပိတ်ထားဘူး။ သူပြောနေတဲ့ အကြောင်းတွေမှာ လာအို၊ နိုင်ငံ A နဲ့ မင်း... "
"ငါ့အကြောင်းက ဘာလဲ"
Luo Yu မျက်မှောင်ကြုတ်လိုက်သည်။
Su Jiawen အနည်းငယ်ကြောက်လန့်သွားပြီး Luo Yu ၏နားကို ကပ်ကာ ပြောသည်။
"သေနတ်တွေ။ ဆေးတွေ အကြောင်းလိုပဲ ... သူ မင်းကိုထိခိုက်စေမှာကြောက်တယ်"
Luo Yu က တစ်စတစ်စ ပုံပေါ်လာပေသည်။ သူက Su Jiawen ကို အနည်းခွာလိုက်ကာ သူ၏စိုးရိမ်သောအကြည့်ကို လိုလားတန်ဖိုးထားကာ Su Jiawen ကိုနှစ်သိမ့်လိုက်သည်။
"ဒါတွေကို မစိုးရိမ်ပါနဲ့။ နောက်ကျနေပြီ။ ငါမင်းကို ပြန်ခေါ်သွားပေးမယ်။"
Su Jiawen သည် Luo Yu က ထိုခေါင်းစဉ်အပေါ် သိပ်စွဲလန်းမှု မရှိသည်ကိုတွေ့လိုက်သဖြင့် ဆက်စကားမပြောဘဲ ရပ်လိုက်သည်။
Luo Yu သည် Su Jiawen ကိုကားဂိုဒေါင်သို့ ခေါ်ဆောင်သွားသည်။ မူလက သူသည် (Sport Car) ပြိုင်ကားတစ်စီး၏ သော့ကိုယူခဲ့သော်လည်း ၎င်းကိုစဉ်းစားပြီးနောက် ပိုကြီးသော ကား သို့ပြောင်းခဲ့သည်။
Jiang Qi (ကျန်းချီ) ၏ အိမ် နှင့် Luo Yu ၏အိမ်သည် Ping မြို့၏အစွန်းနှစ်ဘက်တွင်ရှိသည်။ နောက်ကျနေပြီဖြစ်သော်လည်း မြို့လယ်မီးပွိုင့်များကို ကျော်မရသောကြောင့် Luo Yu က ခရီးအတွက် မိနစ် ၄၀ ကျော် မောင်းလိုက်ရသည်။ သူတို့ Jiang Qi အိမ်တံခါးဝသို့ရောက်သောအခါ ၁၀ နာရီထိုးဖို့ ဆယ်မိနစ်သာလိုတော့သည်။
![](https://img.wattpad.com/cover/281930554-288-k275356.jpg)
YOU ARE READING
နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]
General FictionUnicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်ကြီးတဲ့ Gangster နဲ့ သွေးအေးပြီး ပေါ့ပေါ့ပဲ နေတတ်တဲ့ ခေါင်းဆောင် Luo yu x Ruan Zheng Title - Outside...