Extra 2 Some Other Things- Part 2 (Unicode)

3.5K 452 18
                                    

Outside the Law Extra 2 Some Other Things– Part 2   

အပိုင်း- ၂ ။    

မူလက Ping မြို့မှ ဥရောပသို့ ခရီးကို လက်မှတ် ကြိုတင်မှာယူခဲ့သော်လည်း Yu Xinxin (ယွီရှင်းရှင်း) သည် ရုတ်တရက် စိတ်ပြောင်းသွားပြီး နှစ်သစ်ကူးအတွက် ကျွန်းတစ်ကျွန်းသို့ သွားချင်ခဲ့သည်။

     ထို့ကြောင့် Luo Yu သည် Xing Licheng (ရှင်းလီချန်း) အား ခရီးစဉ်အတွက် လေယာဉ်လက်မှတ် အသစ်များ ထပ်မံ ဝယ်ခိုင်းလိုက်သည်။ ထို့နောက် သူက အိမ်ပြန်သွားပြီး Ruan Zheng အား ထို အကြောင်း ပြောသောအခါ ကျွန်းများကိုနှစ်သက်သော Ruan Zheng က အလွန်ပျော်ရွှင်နေခဲ့သည်။

     သူတို့က နှစ်ဆယ့်ကိုးရက်နေ့မှာ ခရီးစထွက်မည် ဖြစ်သည်။ Ruan Zheng က မထွက်ခင် တစ်ရက်မှာ ပုံမှန်ထက်ပို၍ တအားတက်ကြွနေခဲ့သည်။ သူက Luo Yu အခန်းရဲ့လျှို့ဝှက်တံခါးနောက်က လက်နက်တိုက်ငယ်လေးထဲမှာ တိတ်ဆိတ်စွာ ထိုင်ပြီး သူက Luo Yu အကြိုက်ဆုံး သေနတ်များကို ကိုင်တွယ်ရင်း အစိတ်အပိုင်းတွေကိုဖြုတ်လိုက် တပ်ဆင်လိုက်နှင့် ဆော့ကစားလျက်ရှိသည်။

Luo Yu အိမ်ပြန်ရောက်သောအခါ Ruan Zheng ကို ဘယ်နေရာမှာမှ ရှာမတွေ့ချေ။ နောက်ဆုံးတော့ အပေါ်ထပ်မှာ လိုက်ရှာတော့မှ သူ့ကို သူဖျက်ဆီးရေးလုပ်ထားသော လက်နက်အပိုင်းအစများ ကြားထဲတွင် ရှာတွေ့ပေသည်။ Luo Yu က တိတ်တိတ်လေး အသံမထွက်ဘဲ လျှို့ဝှက်တံခါးသို့ လျှောက်သွားသော်လည်း Ruan Zheng က သူ နောက်တွင် ရောက်နေသည်ကို သတိထားမိပြီး ထိုင်နေရင်းပဲ နောက်ဘက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

  "ဦးလေးက ငါ့ကိုမကြိုက်ရင် ဘယ်လိုလုပ်မလဲ။"    

"သူက ဘယ်သူ့ကိုမှ မကြိုက်တာ မရှိဘူး။"

Luo Yu က သူ့ကိုနှစ်သိမ့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပေမယ့် အဆင်မပြေခဲ့ချေ။    

Ruan Zheng သည် သေနတ်များကို ထပ်မံ တပ်ဆင်ပြီးနောက် သပ်ရပ်စွာ စီထားလိုက်သည်။ မရပ်ဘဲ ထိုင်နေလျက်သာ လှည့်ကြည့်လိုက်ပြီး Luo Yu ကို မေးလိုက်ပြန်သည်။

"တကယ်လား?"    

Ruan Zheng သည် အမြဲတမ်း အပြစ်ကင်းစင်ပြီး နူးညံ့သိမ်မွေ့ပုံရသည်။ Luo Yu သည် လုံခြုံစိတ်ချရသော အိမ်တွင် ရှိစဉ်က Jiang Qi (ကျန်းချီ) က သူ့ကို ပြောဖူးသော စကားကို သတိရမိသည် - ဆုံးဖြတ်ရမှာတော့ မင်းသဘော အတိုင်းပါ ဆိုသည်က....

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now