Chapter 05 - Part 1/2 (Unicode)

4.1K 539 10
                                    

Outside the Law 05 –Part 1 /2

Jiang Qi (ကျန်းချီ) ကသူ့ထံမှ Su Jiawen (စုကျားဝမ်) ကို ဝယ်ချင်နေသည်ဟူသောသတင်းကိုကြားသောအခါ Luo Yu (လော့ယွီ) က အော်ရယ် လုမတတ်ဖြစ်သွားသည်။

  ဒီကိစ္စမှာ ဖုန်းခေါ်လာသူ Zhou Zihao (ကျောက်ကျီဟောင်) ကတော့ ကြားပွဲစားလုပ်ပေးသူဖြစ်သည်။

    Zhou Zihao ၏အဖေ နှင့် Zhen Ting (ကျန်းတင်း) တို့အကြားတွင် ပူးပေါင်းဆောင်ရွက်မှု အချို့ရှိသောကြောင့် Jiang Qi က Luo Yu ကိုစည်းရုံးပေးရန် သူ့ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။

    Zhou Zihao က Luo Yu ကို ပင်လယ်ပြန်သွားချင်လားဟု အရင်မေးခဲ့သည်။ သူက အရင်တစ်ခေါက်တွင် အတွင်းခံဘောင်းဘီကိုပင်  ဆံးရှုံးလုနီးပါးဖြစ်ခဲ့သောကြောင့် သူ့က ပြန်အနိုင်ရဖို့ အခွင့်အလမ်းရှာနေသည်။

    Luo Yu က တမင် ခေါင်းစဉ်ကိုလွှဲပစ်လိုက်သည်...

"Shen Qi( ရှန်းချီ) , Ping ပင်း မြို့ ကိုရောက်လာရင်ပေါ့......."

    Zhou Zihao ကစကားအနည်းငယ်ပြောပြီးနောက် Luo Yu ရဲ့စိတ်မရှည်တာကိုသတိထားမိပြီး သူက လိုရင်းကိုသာ စပြောလိုက်သည်။

"Mr. Luo၊ မင်း အရင်တစ်ခေါက်က ခေါ်လာတဲ့ ကောင်လေးလေ။ မင်းနဲ့ အတူရှိနေတုန်းလား?"

    Luo Yu ကမဖြေဘဲ အကြောင်းရင်းက ဘာလဲလို့သာ သူ့ကိုမေးလိုက်သည်။ Zhou Zihao က ခေတ္တ ပြောဖို့ရန် တွန်းဆုတ်နေပြီးနောက် သူက ဆိုလိုရင်းအကြောင်းကိုသာ ဖွင့်ပြောလိုက်သည်။

    Jiang Qi ပေးသော ကြမ်းခင်းစျေးနှုန်းသည် ၅ သန်းဖြစ်သည်။ Luo Yu သည် Zhou Zihao ၏ကမ်းလှမ်းချက်ကိုကြားသောအခါ ရယ်လိုက်ပြီး

"Jiang Qi က သူတောင်းစားနဲ့ အပေးအယူလုပ်တယ်များ ထင်နေတာလား?"

Zhou Zihao က ငွေငါးသန်း ပမာဏက Luo Yu မျက်လုံးထဲတွင် ဘာမှမဟုတ်တာသိပေမယ့် Su Jiawen ကို ဝယ်ဖို့အတွက်တော့ လုံလောက်သည်ဟု တွေးထင်ခဲ့သည်။ သူက Jiang Qi ကို Luo Yu က တစ်စုံတစ်ယောက်အတွက် ငွေအဲ့လောက်သုံးမှာ မဟုတ်ဘူးဟု စည်းရုံးထားပြီးဖြစ်သည်။

Luo Yu က နောက်ကျရင်လည်း Su Jiawen ကို လက်လွှတ်လိုက်မယ့် အတူတူ ဒီသံသရာထဲ ဝင်ပါစရာ မလိုဘူးဟု ပြောထားသည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Wo Geschichten leben. Entdecke jetzt