Outside the Law 11 – Part 2/ 2
Ruan Zheng (ရွမ်ကျန်း) က နောက်ထပ် ထပ်ပြောသည်။
"မစ္စတာ Luo က ငါ့ကို ပန်းအိုး ဝယ်ပေးမယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူက ဘယ်တော့မှ မဝယ်ပေးသေးဘူး။"
Luo Yu (လော့ယွီ) ၏ မျက်နှာမည်းမှောင်နေကာ သူက အတွင်းအိတ်ကပ်ထဲမှ card holder (ကဒ်ဘူး) ကိုထုတ်ကာ ကိုယ်ပိုင်နံပါတ်ပါသော business card တစ်ခုကိုဆွဲထုတ်လိုက်သည်။ သူက Ruan Zheng ကို ဆောင့်ဆွဲလိုက်ပြီး ကဒ်ကို ခါးနှင့် ဖိကပ်လိုက်ကာ ဘောင်းဘီထဲသို့ တင်ပါးနားရောက်သည်အထိ ထိုးထည့်ပေးလိုက်သည်။ ကဒ်က Ruan Zheng ၏ အရေပြားနှင့် ကပ်နေသည်။
သူက Ruan Zheng ကို မေးလိုက်သည်။
"Jiang Qi (ကျန်းချီ) က မင်းအတွက် အဲဒါ ဝယ်ပေးပြီးပြီ မဟုတ်ဘူးလား"
"ဒါက မင်းဝယ်ပေးတာမဟုတ်ဘူးလေ။ "
Ruan Zheng က သူ့မျက်နှာကိုမော့ပြီး Luo Yu နမ်းလိုက်သည်။ Luo Yu က မငြင်းရှာပေ။ Ruan Zheng ရဲ့ပါးစပ်ထဲက သူ့သုတ်ရည်ကို မြည်းစမ်းလိုက်ပြီးနောက် မျက်မှောင်ကြုံ့ကာ သူ့ကို တွန်းထုတ် ပစ်လိုက်သည်။
"သေချာ သိမ်းထား"
Luo Yu က ပြောပြီးပြီးချင်း သူ့လည်စည်းကို ဖြည်လိုက်ကာ သူ့အပေါ်အကျီင်္ကိုချွတ်၍ အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး တံခါးဆီကိုလျှောက်သွားသည်။
"ခဏကြာမှ ထွက်လာခဲ့"
သူက တံခါးကိုဖွင့်လိုက်ပြီးနောက် အဲဒါကို ဘန်းကနဲ ဆွဲပိတ်ခဲ့သည်။
ခဏအကြာမှာ Jiang Qi ဝင်လာသည်။ သူကလည်း အပြင်လူများကဲ့သို့ Ruan Zheng တော့ အရိုက်ခံနေရသည်ဟု ထင်နေသူဖြစ်သည်။
မထင်မှတ်ဘဲ မမျှော်လင့်ဘဲ Ruan Zheng က ကုလားထိုင်တစ်လုံးပေါ်တွင် သက်တောင့် သက်သာ ထိုင်နေသည်။ Jiang Qi ဝင်လာသည်ကို မြင်သောအခါသူက Luo Yu က သူ့ဘောင်းဘီထဲ ထည့်ပေးသွားသော business card ကိုထုတ်ပြလိုက်သည်။ သူက Jiang Qi ကို ကြွားလိုက်သည်။
"ငါ သူ့နံပါတ် ရသွားပြီ။"
Jiang Qi သည်လည်း အနည်းငယ် တုန်တက်သွားကာ သူလည်း Luo Yu လိုပဲ အနောက်ဘက်ရှိ တံခါးကို တွန်းပိတ်ပစ်လိုက်သည်။
![](https://img.wattpad.com/cover/281930554-288-k275356.jpg)
VOUS LISEZ
နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]
Fiction généraleUnicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်ကြီးတဲ့ Gangster နဲ့ သွေးအေးပြီး ပေါ့ပေါ့ပဲ နေတတ်တဲ့ ခေါင်းဆောင် Luo yu x Ruan Zheng Title - Outside...