Book Edition - Extra Ordinary Street Fighting (1) - Part 3 (Unicode)

2.4K 288 2
                                    

Outside the Law

Book Edition – Extra Ordinary Street Fighting (1)

  အပိုင်း - သုံး    

Ruan Zheng (ရွမ်ကျန်း) က သူ့သေနတ်ကိုကိုင်ကာ အခန်းထဲမှ ညင်သာစွာထွက်ခွာသွားသည်။     

Ji Ping (ကျိပင်း) ကတော့ ဒီလူက Ruan Zheng ဖြစ်တယ်ဆိုတဲ့ ထိုးနှက်ချက်ကနေ ပြန်ကောင်း မလာသေးချေ။ သူက Ruan Zheng ရဲ့ကျောကိုကြည့်ပြီး မှင်တက်သွားကာ Luo Yu ကို မေးလိုက်သည်။

  "အစ်ကို Yu၊ သူကတကယ်ပဲ Ruan Zheng လား"    

Luo Yu က သူ့ကိုတစ်ချက်ကြည့်ပြီး "ဟုတ်တယ်" လို့ဖြေဖို့တောင်စိတ်မဝင်စားပေ။ သူက တစ်ဖက်ကလှုပ်ရှားမှုတွေကိုသာ နားထောင်ခဲ့သည်။

"သူ ... "  

သူက မေးချင်နေသော်လည်း ဘယ်က စရမှန်းမသိတော့ချေ။ Ji Ping က မေးခွန်းတွေအများကြီးမေးရင် Luo Yu ကသူ့ကိုမကြိုက်တော့မှာကိုလည်း ကြောက်ရသည်။

      Luo Yu က သူ့ကိုဆက်မပြောချင်ပေ။ 

Ji Ping က အရမ်းသိချင်လွန်းလို့ ကျည်ဆံကိုကိုက်ပြီး မေးလိုက်သည်။

  "အစ်ကို Yu၊ မင်းတို့နှစ်ယောက်ဆက်ဆံရေးက အဲ့လိုကြီးတော့ မဟုတ်ဘူးမလား။"      

"ဘယ်လိုဆက်ဆံရေးလဲ"  

Luo Yu ရဲ့သေနတ်က နံရံကို ထောက်ထားပြီး တစ်ချိန်တည်းမှာပဲ လက်ကိုပိုက်ထားကာ Ji Ping ကိုကြည့်လိုက်သည်။     

Ji Ping သည် အသက်ရှူကျပ်ပြီး ထိုစကားကို မပြောဝံ့ဘဲ ရှိနေတုန်း Ruan Zheng ပြန်ရောက်လာသည်။ သူက ပြောသည်။

  "ကစားနေကြတုန်းဘဲ၊ Aqi က ဒီဘက်ကို ရွှေ့လာချင်ပုံရတယ်။"   

  "မင်းတို့ဘာလုပ်နေတာလဲ"  

Ruan Zheng က Ji Ping နဲ့ Luo Yu ကြားကထူးဆန်းတဲ့လေထုကိုခံစားမိပြီး Luo Yu က အရင်ပြောလိုက်သည်။ 

"အောက်ထပ်ကို အရင်ဆင်းရအောင်။ အောက်ထပ်က လူတွေကို အရင်ရှင်းပစ်ရအောင်။"     

ထိုအချိန်တွင် ဂိမ်းမှ လူထွက်သော နောက်ထပ်သတိပေးသံတစ်ခုထွက်ပေါ်လာသည်။     

"ဘယ်သူလဲ။"

Ji Ping ၏ အသက်ရှူကျပ်မှုက ချက်ချင်းသက်သာသွားပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Où les histoires vivent. Découvrez maintenant