Chapter 07 - Part 1/2 (Unicode)

3.7K 523 23
                                    

Outside the Law 07

Luo Yu (လော့ယွီ) ကိုယ်တိုင်က မမေးချင်ခဲ့ပေမဲ့ ကံကောင်းစွာ Lu Yi (လုယီ) က တစ်ကြိမ်တစ်ခါလောက် အရမ်းကို နားလည်စွာနဲ့ပဲ နောက်နေ့တွင် ဂဏန်းရှစ်လုံးပါတဲ့ စာရွက်တစ်ရွက်ကိုကမ်းပေးခဲ့သည်။

    Luo Yu က Lu Yi (လုယီ) ကို ဒီနံပါတ်ကဘာလဲဟု မေးတော့  Lu Yi က ပြောသည်။

"Su Jiawen (စုကျားဝမ်) ရဲ့မိုဘိုင်းဖုန်းနံပါတ်"

    Lu Yi ထွက်သွားပြီးနောက် သူက စက္ကူပေါ်ရှိ နံပါတ်ကို ချက်ချင်းပဲ ရိုက်နှိပ်လိုက်သည်။ နှစ်ကြိမ်သုံးကြိမ် အသံမြည်ပြီးနောက် Su Jiawen က ကောက်ကိုင်လိုက်သည်။ သူက တိတ်ဆိတ်ပြီးလူသူကင်းမဲ့သည့် နေရာတွင်ရှိပုံရသည်။ Su Jiawen က ပြန်ထူးသည်။

"ဟယ်လို"

    "ငါပါ"

Luo Yu ကသူ့ဘောပင်ကို လက်ချောင်းများကြား လှည့်ကစားရင်း

"မင်းဘာလုပ်နေတာလဲ"

    Su Jiawen က "Mr. Luo?"လားလို့ မပြောခင်နှစ်စက္ကန့်လောက် အသက်ရှူဖို့မေ့နေကာ တိတ်ဆိတ်နေပုံရတယ်။

    "အင်း"

Luo Yu ကအဲဒါကိုဝန်မခံချင်ပေမယ့် သူက အခြားသူတွေထက် Su Jiawen ကို ပို၍နှစ်သက်တွယ်တာ နေပေသည်။

    Su Jiawen က ပြောသည်။

"ငါစာကြည့်တိုက်မှာ ရောက်နေတယ်၊ ​​စာတမ်းတွေရေးနေတာ"

    "ဘာစာတမ်းလဲ"

Luo Yu ကထပ်မေးသည်။

    Su Jiawen သည် Luo Yu က သူ၏ကိုယ်ပိုင်လေ့လာမှုကို စိတ်ဝင်စားလိမ့်မည်ဟုမထင်ခဲ့ပေ၊ သူက ရိုးသားစွာဖြေခဲ့သည် - "ဥရောပခေတ်သစ်သမိုင်းနှင့်စာပေသမိုင်းအကြားဆက်နွယ်မှုကိုစူးစမ်းဆွေးနွေးတဲ့ စာတမ်း"

    Luo Yu က ဟုတ်လားလို့ သူမပြောမီ စက္ကန့်ပိုင်းအလိုလောက် ထိုအကြောင်းအရာကို နားလည်အောင်လုပ်လိုက်ရသည်။

"Mr. Luo ရော?" 

Su Jiawen က စာကြည့်တိုက်မှ ထွက်လာသည်။ နောက်ခံအသံသည် အပြင်သို့ ထွက်လာဟန် ရသည်။   တစ်စုံတစ်ယောက်က   Luo Yu ကို သူဘာလုပ်နေလဲဟုမေးလျှင် Luo Yu ဆီက အကောင်းဆုံး ရနိုင်သည့် အဖြေက အဖြေမရခြင်းပင်ဖြစ်သည်။ စိတ်မကြည်ပါက အော်ဟောက် ပစ်တတ်သည်။ ယခု Su Jiawen ကမေးသည်ဖြစ်ရာ  Luo Yu က ဖြေလေသည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now