Extra 2 Some other things - Part 1 (Unicode)

3.7K 482 17
                                    

Outside the Law Extra 2 – Part 1
Tw// NSFW : Explicit S3X Scenes Alert ‼️‼️‼️

Some other things - တချို့သော အခြားအရာများ

အပိုင်း - ၁ ။

    နှစ်သစ်ကူးခါနီးမှာ Luo Yu (လော့ယွီ) ရဲ့အမေ Yu Xinxin (ယွီရှင်းရှင်း) ကဖုန်းဆက်ပြောခဲ့သည်။ သူမက Luo Yu ကို နှစ်သစ်မှာ  Ruan Zheng (ရွမ်ကျန်း) ကို အိမ်ကိုခေါ်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    Luo Yu မှာလည်း မူလတည်းက ဒီလို အစီအစဉ်ရှိခဲ့သည်။ သူက Yu Xinxin နဲ့ ဖုန်းပြောပြီးတာနဲ့ Ruan Zheng ရဲ့နံပါတ်ကိုခေါ်လိုက်သည်။

    သူ မူလက ထင်ထားတာက  Ruan Zheng က သူနဲ့ အတူ အိမ်ကို ပြန်လိုက်မည်မှာ ရိုးရှင်းသည်၊ အခြေခံကျသည်ဟုပင်။ ဘယ်သူမှ ထင်မထားတာက တဖက်မှာ Ruan Zheng က တွန့်ဆုတ်ခဲ့နေပြီး သူသည် ယခင်နှစ်များက Jiang Qi နှင့် နှစ်သစ်ကူးခဲ့သောကြောင့် သူက ယခုလို လိုက်လာဖို့က မသင့်တော်ဘူးလို့ ထင်ခဲ့သည်။ ဒီနှစ် သူသာ Luo Yu နှင့် ထွက်ခွာသွားလျှင် Jiang Qi သည် တစ်ယောက်တည်း နေခဲ့ရလိမ့်မည်။

    "Jiang Qi အသက်ကသုံးဆယ်ကျော်နေပြီ။"

Luo Yu ကမျက်မှောင်ကြုတ်လိုက်ပြီး

"မင်း သူ့ကို လွှတ်ပေးရမယ်လေ။ မင်း ငါ့အိမ်ကို ပြန်မလိုက်ရင်တောင် မင်းက ငါနဲ့ပိတ်ရက်တွေကို အတူကုန်ဆုံးသင့်တာကို။ Jiang Qi နဲ့ ဘာဆိုင်လို့တုန်း။"

    Luo Yu စိတ်မချမ်းမသာဖြစ်နေကြောင်း Ruan Zheng က ကြားရုံနှင့် ပြောနိုင်သဖြင့် သူက စကားအနည်းငယ် ညင်ညင်သာသာပြောလိုက်ကာ စနောက်လိုက်ရင်း ပြောသည်။

"Ah Qi နဲ့ငါဆွေးနွေးလိုက်ဦးမယ်။"

    Luo Yu သည် စိတ်ဆိုးသွားပြီး ဖုန်းကိုချလိုက်သည်။ တနေကုန်သွားသော်လည်း ဘယ်လိုမှ တုံ့ပြန်ချက် ထူးထူးခြားခြား မရရှိခဲ့ပေ။

    အချိန်ကြာမြင့်စွာအတူတကွနေထိုင်ပြီးနောက် Luo Yu က Ruan Zheng သည် နူးညံ့ပျော့ပျောင်း၍ ရှက်ကြောက်တတ်ကြောင်း ကိုတွေ့ရှိခဲ့သော်လည်း အမှန်တကယ်တွင် သူ့မှာ စိတ်ကူးစိတ်သန်း၊ အကြံညဏ်များ အလွန်များပြားပေသည်။ ဘယ်အရာမဆို Ruan Zheng က ဆုံးဖြတ်ပြီးပါက ထိုအရာကို ရအောင်လုပ်တတ်ပြီး Luo Yu က သူ့စိတ်ကို ဘယ်လိုမှ ပြောင်းအောင် နားချ၍ မရချေ။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Où les histoires vivent. Découvrez maintenant