Chapter 06 - Part 2/2 (Unicode)

4K 502 32
                                    

Outside the Law 06 – Part 2/2
TW:// Abuse content and Slight NSFW content ALERT !!!

Su Jiawen ကခေါင်းညိတ်လိုက်သည်။ Luo Yu ကလည်း ဒီ ဆင်ခြေကို သူယုံလောက်သည်ဟု မှတ်လိုက်ပြီး Su Jiawen ကိုမေးလိုက်သည်။

  "Jiang Qi က မင်းအပေါ်ကောင်းလား"

"ကောင်းတယ်။ "

Su Jiawen သည်စကားနှစ်လုံးသာ ပြောပြီးနောက် အစားအစာရောက်လာသောအခါ နည်းနည်းစားပြီး စကားဆက်ပြောသည်။

"ငါချက်ပြုတ်တာ စသင်နေတာမကြာသေးဘူး"

Luo Yu သည် Su Jiawen ၏လက်ကို မသိမသာကြည့်လိုက်တော့ Su Jiawen ကသူ၏လက်ကိုဆန့်ထုတ်ပြသည်။

  "မနေ့က ငါဟင်းသီးဟင်းရွက်တွေ လှီးရင်း ရှ မိတာ"

Luo Yu သည် သူ၏ဘယ်ဘက်လက်ကိုဆုပ်ကာ ကြည့်လိုက်တော့  လက်ခလယ်နှင့်လက်သူကြွယ်တွင် အနည်းငယ် ပြတ်ရှရာများကို မြင်လိုက်ရသည်။ သူ လက်ကို လွှတ်တော့မည့်အချိန်မှာပဲ Su Jiawen ၏ ညာလက်ညိုးသည် အနည်းငယ်ကြမ်းတမ်းသည်ကို ရုတ်တရက်သူသတိပြုမိခဲ့သည်။

သူအရင်က သတိမပြုမိခဲ့ဘဲ သူ၏လက်ချောင်းများကို ပွတ်တိုက်ပြီးနောက်မှ ၎င်းကို သတိပြုမိသည်။

"ဒါက ... "

Luo Yu က သူ့လက်ချောင်းထိပ်တွေကို လက်နှင့်ဖိလိုက်သောအခါ သူ့အမူအရာများ ရှုပ်ထွေးသွားသည်။    

Su Jiawen သည် Luo Yu ၏ စကားသံရပ်သွားတာကို သတိပြုမိတော့ လက်ညှိုးနှင့်လက်မကို ဖိပြကာ Luo Yu ကိုပြုံးပြရင်းပြောသည်။ ။

"ငါ့ရဲ့ စာတမ်းကြီးကြပ်သူက ပြောဖူးတယ် စာအုပ်လှန်တဲ့ အခါ လူတွေမှာ ပုံမှန် အသားမာတတ်လာတာတွေရှိတယ်။ စာကြမ်းပိုးတွေမှာ တူညီတဲ့ စာအုပ်ကိုင်ရာကနေရတဲ့ အသားမာတွေရှိတတ်ကြတယ်တဲ့။"

    Luo Yu သည် Su Jiawen စာအုပ်ကို လှန်ကြည့်သည့်ပုံစံကို မြင်ဖူးပေသည်။ စာအုပ်၏စာမျက်နှာများကို လှန်ရန် သူ၏လက်ညိုးကိုသုံးခြင်းဖြစ်သည်။ သူက Su Jiawen ကိုပြောလိုက်သည်။

"လက်ညှိုးသုံးတဲ့ သူတွေက အသားမာတတ်လေ့မရှိပါဘူး။ ငါ့မှာလည်း တစ်ခုမှ မရှိဘူးလေ။"

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Wo Geschichten leben. Entdecke jetzt