Chapter 08 - Part 1/2 (Unicode)

3.9K 500 26
                                    

Outside the Law 08 – Part ½
TW// abuse sexual content alert !!

Su Jiawen က လုံးဝအဆက်အသွယ်ပြတ်သွားသည်။

    သူ ကျောင်းမတက်တာ တစ်လလောက်ရှိပြီ ဖြစ်သည်။ သူ့ဆဲလ်ဖုန်းက  ဆက်သွယ်မှုဧရိယာပြင်ပတွင်သာ ဖြစ်သည်။ သူက Luo Yu ရဲ့မျက်စိအောက်မှာတင် Jiang ရဲ့ကားထဲကို ဝင်သွားပြီးနောက်မှစ၍ ဘယ်တော့မှပြန်မပေါ်လာတော့ပေ။

    Luo Yu သည် ရေနွေးအိုး၌စိမ်ထားသောဖားတစ်ကောင်နှင့်တူသည်။

အောင်ပွဲခံပြီး မိမိကိုယ်ကို ယုံကြည်မှုရှိခဲ့သည်။ သူသည် Su Jiawen ၏ မေတ္တာကို လိုချင်သလို ဂုဏ်ဒြပ်ကောင်းတဲ့ မျက်နှာကိုလည်း လိုချင်ခဲ့သည်။

    သို့သော် ရေသည်တဖြည်းဖြည်းပူလာပြီး ငါးဆယ်ဒီဂရီအရောက်တွင် သူ စိတ်မရှည်တော့ဘဲ စိုးရိမ်စိတ်များနှင့်မနေနိုင်တော့ချေ။ ဆေးသွင်းသည်နေ့က Su Jiawen ၏ အသွင်အပြင်ကို Luo Yu စဉ်းစားမိလိုက်တိုင်း သူ၏ နှလုံးသားတစ်ခုလုံးကို ဝါယာကြိုးဖြင့် အမြင့်တွင် ချည်နှောင်ထားကာ ရေနွေးဖြင့် လောင်းချ နေသကဲ့သို့ ခံစားနေရသည်။

(T/N: ရေနွေအိုးထဲက ဖားပုံပြင်ကို သိကြတယ်မလား။ အာ့တာနဲ့ ညွှန်းဆိုထားတာပါ။)

    သူ ရက်သတ္တပတ်များစွာစောင့်ခဲ့ပေမယ့် နောက်ဆုံးတော့ မနေနိုင်တော့ချေ။ သူရဲ့ မာန၊ ဂုဏ်သိက္ခာများကို မေ့လိုက်ပြီး သူက Xing Licheng (ရှင်းလီချန်း) ကိုခေါ်ပြီး Zhen Ting (ကျန်းတင်း) နဲ့ဆက်သွယ်ကာ Su Jiawen ကိုပြန်ရဖို့ နည်းလမ်းရှာခိုင်းလိုက်သည်။

    Jiang Qi (ကျန်းချီ) သည် Xing Licheng ၏ ခေါ်ဆိုမှုကို လက်ခံခဲ့သော်လည်း ဒီတစ်ခါမှာတော့ Luo Yu သူ့အားတောင်းပန်ရန် အလှည့်ရောက်သောအခါ သူက မောက်မာပြတော့သည်။ ဒီနေ့တွေ့ရန် အလုပ်များကြောင်းပြောကာ တွေ့ရန် ငြင်းပယ်လိုက်သည်။ နောက်နေ့တွင်လည်း Ping မြို့မှာမရှိဘူးလို့ပြောကာ ငြင်းပြန်သည်။ သဘက်ခါတွင်လည်း တခြားအစီအစဉ်တွေ ရှိလိမ့်မည်ဖြစ်ကြောင်း ငြင်းပြန်သည်။ အခြေခံအားဖြင့်  Luo Yu ကို စောင့်နေစေချင် ခြင်းဖြစ်သည်။

    နောက်ဆုံးတွင် Luo Yu သည် Jiang Qi ကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းခေါ်ခဲ့ရသည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Hikayelerin yaşadığı yer. Şimdi keşfedin