Chapter 03 - Part 2/2 (Zawgyi)

2.2K 140 2
                                    

Outside the Law 03 – 2/2

WARNING !!! 18+

Heavy S*x scenes and explicit content in this chapter! Pls read at your own risk!

သူ (Su Jiawen) သည် Luo Yu ၏ပခုံးပေါ်ကို ကိုင်လိုက်ကာ ဒူးတစ်ဝက်ထောက်ရင်းနှင့် Luo Yu ၏ နှုတ်ခမ်းနေရာမှ လွဲ၍ ပါးပြင်၊ မေးစေ့နှင့် Adam's apple တို့ကိုနူးညံ့စွာနမ်းလိုက်သည်။

Luo Yu က Su Jiawen ရဲ့အပြုအမူကိုသတိထားမိပြီး သူ့ဘေးက ကုတင်ပေါ်မှာသူ့ကိုဖိထားလိုက်သည် ၊ "ဒါက ကျေးဇူးဆပ်တဲ့ သဘောလား၊ နှုတ်ခမ်းတွေကိုကျ မနမ်းဘူးပေါ့လေ"

Luo Yu က သူ့ရဲ့ အလုပ်လုပ်နေချိန် အသွင်ဆောင်ထားသည့် ခန့်ညားထည်ဝါမှုကို အိပ်ရာအထိပင် ယူဆောင်လာပေသည်။ ၎င်းသည်အနည်းငယ်ကြောက်စရာကောင်းပေသည်။ ဒါ့ကြောင့် Su Jiawen က ကိုယ်လေးကို ကိုင်းလိုက်ကာ အမြန်ရှင်းပြလိုက်သည်။

"ငါက Mr. Luo မကြိုက်မှာ ကြောက်လို့ပါ"

Su Jiawen ကတကယ်ကိုအကင်းပါပေသည်။ Luo Yu ကဒါကိုကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ ကို သူက စွဲမြဲစွာ မှတ်သားထားပေသည်။ သို့သော် Luo Yu ကပြောင်းလဲလာလိမ့်မယ်လို့တော့ ဘယ်တုန်းကမှမတွေးမိခဲ့ပေ။

Luo Yu က သူ့ကိုသူ လက်မောင်းဖြင့် ထောက်ကာ ကိုယ်ကို မတ်ထားရင်း သူ့ကိုခဏကြည့်လိုက်ကာ ခေါင်းငုံ့လိုက်ပြီး Su Jiawen နှင့် သူ့နှုတ်ခမ်းကိုတို့ထိလိုက်သည်။ Luo Yu က နှင့် ပတ်သတ်သမျှက မာကြောတည်ကြည်ပြီး သူ့နှုတ်ခမ်းသား လှိုင်းများကပင် မတုန်မလှုပ် မာတောင့်နေဟန်ရှိသည်။ တစ်ဖက်မှာတော့ Su Jiawen ရဲ့ နှုတ်ခမ်းလိုင်းလေးက အမြဲတမ်းအရမ်းနူးညံ့လို့နေသည်။ ဒါပေမယ့် Luo Yu စဉ်းစားမိတာက လူတိုင်း သူ့ကိုဘယ်လိုနည်းနဲ့ပဲ ချဉ်းကပ်သည်ဖြစ်စေ Su Jiawen တောင် မရနိုင်ဘူးဟု ထင်မိသည်။ သူက သာလျှင် မှန် ကန်သောအသွင်အပြင်နှင့် သင့်လျော်သောကိုယ်ရည်ကိုယ်သွေးတို့ဖြင့် အချိန်မှန်/နေရာမှန်တွင် Luo Yu ထံသို့ပြေးလာခြင်းဖြစ်ပေသည်။

(T/N: Luo Yu က သူတို့ ၂ ယောက်က right time right person အဖြစ်တွေ့ကြတယ်လို့ ပြောချင်တာပါ။ မူရင်း ဝတ္တုမှာကိုက အရေးအသားတွေ ရှုပ်လို့ပါ။)

ပြီးတော့ Su Jiawen ကသူ့ကိုကြိုက်နေသေးသည်။ ဒါက Luo Yu ကို အတ္တအကြီးဆုံးဖြစ်စေတဲ့အရာပင်ဖြစ်သည်။ လူတိုင်းက Luo Yu ရဲ့အင်အား၊ သူ့ရဲ့စွမ်းအားနဲ့ငွေကိုကြိုက်ကြပေမယ့် Su Jiawen က Luo Yu ကို Luo Yu အတိုင်းပင် ကြိုက်ခြင်းဖြစ်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now