Chapter 12 - Part 2/ 2 (Unicode)

4.2K 508 25
                                    

Outside the Law 12 –Part 2/ 2

TW// NSFW: EXPLICIT Sexual content ALERT!
WARNING!!!


Luo Yu က စကားမပြောဘဲ Ruan Zheng ၏ ခေါင်းနောက်ကို ဖိလိုက်ကာ သူနဲ့ နီးအောင် ဆွဲယူရင်း Ruan Zheng ၏နှုတ်ခမ်းများကို သိမ်းပိုက်လိုက်သည်။

    တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြတာကြာပြီဖြစ်သည်။ ဒါပေမယ့် အနမ်းတို့က ပြင်းထန် မွတ်သိပ်ခြင်း မရှိချေ။ သို့သော် အလွန် ခံစားချက်များ၍ တောင့်တမက်မောဖွယ်ရာ နှုတ်ဆက် အနမ်းကဲ့သို့ ဖြစ်နေကာ အလွန့်အလွန် စိတ်ကူးယဉ် ဆန်ပေသည်။

    "မင်းကရော။ ငါ့ကို ဘာကြောင့် ကြိုက်တာလဲ"

Luo Yu ကနှုတ်ခမ်းထောင့်စွန်းကို နမ်းရင်း Ruan Zheng ကိုမေးလိုက်သည်။

    Ruan Zheng က Luo Yu ရဲ့ပခုံးကို ဖိရင်း သူ့ကိုယ်သူ အပေါ်မြင့်အောင် မြှောက်တင်လိုက်ပြီး ပြောလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Mr. Luo နဲ့ငါ ကံကောင်းထောက်မစွာ တစ်ခါတွေ့ဖူးကြတယ်"

    "အိုး?"

Luo Yu က Ruan Zheng ရဲ့လက်ခုံကို ဆွဲကာ သူ့နားပြန် ကပ်လိုက်ပြီး

"အဲ့တော့..?"

    Ruan Zheng က ပခုံးတွန့်လိုက်ကာ

"အဲ့တော့.. ဘာမှမဟုတ်တော့ဘူး။"

   သူပြောချင်ဟန် မပေါ်သောကြောင့်  Luo Yu က သူ့ကို အတင်းမတိုက်တွန်းချင်ပေ။ အနာဂတ်မှာ သူက အဲဒါကိုဖြေရှင်းဖို့ အချိန်များစွာ ရှိလိမ့်မယ်လို့ သိလိုက်သည်။

    Ruan Zheng သည် Luo Yu တော်တော် စိတ်သက်သာရာရသွားဟန် ရှိသည်ဟု ထင်လိုက်သည်။ သူက ခေါင်းကို မော့ကာ Ruan Zheng ၏ လည်ပင်းကိုပင် ကိုက်လိုက်ပြီး အင်္ကျီကြယ်သီးကိုဖြုတ်ရန် ကြိုးစားတော့သည်။

    Luo Yu ကသူ့အင်္ကျီပေါ်က ကြယ်သီး ကို ထိလိုက်သည်နှင့် Ruan Zheng က Luo Yu ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး သူ့ကိုသနားစဖွယ် ပြောတော့ သည်။

"Mr. Luo ၊ ငါ အဝတ်အစားတွေကို မချွတ်လို့ မရဘူးလား"

Luo Yu ရဲ့လက်က အောက်နား တိုးလိုက်ကာ Ruan Zheng ရဲ့ရင်ဘတ် ဆီကို ပွတ်သက်လိုက်ပြီးနောက်

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Donde viven las historias. Descúbrelo ahora