Chapter 10 - Part 2/ 2 (Unicode)

3.8K 523 44
                                    

Outside the Law 10 – Part 2/ 2     

Ruan Zheng (ရွမ်ကျန်း) ကဘာမှပြန်မဖြေဘဲ သူ့ဘေးမှာ ဒူးထောက်ထိုင်လိုက်ပြီး သူ့ခြေထောက်ကို ကြည့်လိုက်တယ်။ သူက Luo Yu ရဲ့ဝတ်စုံပျက်စီးမှု အတိုင်းအတာနဲ့ ဒဏ်ရာ အခြေအနေကို ခဏလောက်ကြည့်လိုက်ပြီး

"ငါတို့ မင်းရဲ့ခြေထောက်ဒဏ်ရာကို ချက်ချင်း ကုသသင့်တယ်"  

  "ငါ့ သေနတ်ဒဏ်ရာ ... " 

Jiang Qi (ကျန်းချီ) က ဖြတ်ပြောလိုက်သည်။    

"ဒဏ်ရာက ထုတ်ချင်းဖောက်သွားလား?" 

Ruan Zheng က သူ့ကို လှည့်ကြည့်လိုက်တော့ Jiang Qi ခေါင်းညိတ်ပြလိုက်သည်။Ruan Zheng က ပြန်ဖြေသည်။

"ငါပတ်တီး ဝယ်ပေးပါ့မယ်"    

Jiang Qi သည်မျက်လုံးများကို လှန်လိုက်ကာ အမြင်မကြည် မသတီနေဟန်ကို ပင် မထိန်းထားတော့ချေ။    

Ruan Zheng က Luo Yu ကို ကြည့်နေတုန်း၊ Luo Yu ကလည်း သူ့ကို တည့်တည့် ပြန်စိုက်ကြည့်နေသည်။ Luo Yu ၏ မျက်လုံးများတွင် အကဲဖြတ်နေဟန်မှ လွဲ၍ အခြားအရာကို သူမမြင်ချေ။ Ruan Zheng သည် Luo Yu ၏ အေးစက်သော အကြည့်များကို မကြိုက်သောကြောင့် မျက်လုံးများကို သူ့လက်နှင့် ကာလိုက်ကာ Luo Yu ကို ထိတွေ့ရုံ နမ်းလိုက်ပြီး တိုးတိုးပြောသည်။

"ငါ မကြာခင်ပြန်လာခဲ့မယ်"     

Ruan Zheng ထွက်သွားသည်နှင့်တစ်ပြိုင်နက် အခန်းသည် တိတ်ဆိတ်သွားပြန်သည်။ Jiang Qi သည် Luo Yu နှင့် လုံခြုံသောအကွာအဝေးတစ်ခုခြား၍ ဝရံတာ၏ ပြတင်းပေါက်၌ ထိုင်နေသည်။

     ခဏအကြာမှာ နောက်ဆုံးတော့ Jiang Qi က ပါးစပ်ဟကာ စပြောလာသည်။

"မင်း မေးချင်တာတစ်ခုခုရှိသလား။ ငါ့ကိုမေးနိုင်တယ်၊ မင်း Ah Zheng ကိုမေးရင် သူက ပြောမှာမဟုတ်ဘူး။ "    

Luo Yu သည် Jiang Qi နှင့်ပထမဆုံးအကြိမ် ညစာစားနေစဉ် အချိန်ကို အာရုံတွင် ပြန်ပေါ်လာရင်း သူကအသံလျှော့လိုက်ပြီး မေးလိုက်သည်။

"ဘာ့ကြောင့်လဲ"

"သူက မင်းကို စောစောတည်းကကြိုက်နေတာ" 

Jiang Qi က ဆက်မပြောခင် တံခါးကို ကြည့်လိုက်ပြီး

"မင်းကို သူ ဘယ်လိုသိတာလဲတော့ ငါမသိဘူး၊ ဒါပေမယ့် သူက မင်းကို အရမ်းသဘောကျတယ်။ Ah Zheng က သူ့ဘဝမှာ အချစ်ငတ်တယ်။ သူက ပျော်စရာကောင်းတဲ့ မိသားစုက မဟုတ်ဘူး။ သူ့ပုံစံက မင်းရှေ့မှာရှိနေသလို ပုံအမှန်ပဲ၊ နူးညံ့သိမ်မွေ့ပြီး အန္တရာယ်မရှိဘူး၊ တိတ်ဆိတ်စွာပဲ စကားပြောတတ်တယ်။ ဒါပေမယ့် သူက လူသတ်ပေမယ့် မင်းရှေ့မှာတော့ မသတ်ဘူးပေါ့။"

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now