Chapter 13 - Final (Unicode)

6.5K 579 27
                                    

Outside the Law 13 – Part 1/ 2

Ping မြို့တွင် July လတွင် လူပြောများနေတဲ့ ခေါင်းစဉ် အကြောင်းအရာနှစ်ခုရှိသည်။

တစ်ခုမှာ He Yonggui (ဟဲရုန်ကွေ့) ၏ဈာပနဖြစ်သည်။

    Luo Yu ရဲ့ "သူအသက်ရှင်မှ ဒီကိစ္စပြောရအောင်" ဆိုတဲ့ စကားက စစ်မှန်တဲ့ ရှေ့ဖြစ်ဟောကိန်း ဖြစ်လာခဲ့သည်။

    He Yonggui သည် သူ၏တစ်သက်တာတွင် ပကာသနကိုသာ အာရုံစိုက်ခဲ့သော်လည်း လူအနည်းစုကသာ သူ၏ဈာပနကို တက်ရောက်ခဲ့သည်။ သူ၏ပိုင်ဆိုင်မှုအများစုမှာ သားဖြစ်သူ၏နာမည်နှင့် လွဲပြီးဖြစ်သည်။ သူ့ရဲ့ အဖိုးတန်ရတနာများကို ကာကွယ်စောင့်ရှောက်ရန် သားဖြစ်သူကို တရားမဝင် ဆက်သွယ်ရေးသာရှိသော ကျွန်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။

    He Yonggui သည် Luo Yu ကို နှိမ်နင်းရန် သတ္တိကောင်းသော ရည်မှန်းချက်ကြီးကြီး ရှိခဲ့သည်။ သူက မင်းသားတစ်ပါးနှင့်ကြောင်မတစ်ကောင်ကို လဲလှယ်သလို အတုအယောင် A.L ကို ပြောင်းလဲအသုံးချကာ  Luo Yu ကို ကြီးကြီးမားမားဆုံးရှုံးမှုဖြစ်စေရန် ကြံစည်ခဲ့သည်။

နောက်တော့ သူ့တွင် နောက်ဆုံးအဆင့် ကင်ဆာရှိနေမှန်း သိရသောအခါ သူ့သားကို အာဏာလွှဲပေးရန် Ping မြို့သည် သူမရှိတော့သည့်အခါ သူ့သားအတွက် လွတ်လွတ်လပ်လပ်နှင့်အထိန်းအကွပ်မဲ့စွာဖြတ်သန်းနိုင်သော နေရာဖြစ်အောင် လမ်းဖောက်ပေးခဲ့ရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ဆန္ဒ မပြည့်ဝခဲ့ပေ။

  ဆေးရုံက သူအတွက် ပြင်းထန်သောနာမကျန်းမှု သတိပေးချက်နှစ်ခါပေးခဲ့ပြီးနောက် ညဉ့်သန်းခေါင်ယံတွင် သေဆုံးခဲ့သည်။ သစ္စာရှိလက်အောက်ခံတစ်ဦးသာ ကျန်ရစ်ခဲ့သည်။ သူသည် အရင်တုန်းက အတူအလုပ်လုပ်ခဲ့ဖူးသောအလွှာပေါင်းစုံမှ လူတွေကို ပွဲအတွက် ဖိတ်စာများပို့ခဲ့ဖူးသော်လည်း ယခု သူ့ဈာပနတွင် ရဲအရာရှိများသာရှိနေပြီး တက်ရောက်ဧည့်သည်တစ်ဦးစီ၏ ကိုယ်ရေးချက်အလက်များကို အသေးစိတ်မှတ်တမ်းတင်ခဲ့သည်။ အထက်မြင့်လေ အကျနာလေဖြစ်ရာ သက်ပြင်းချသံများသာ ရှိပေသည်။

    လူပြောများကျော်ကြားနေသော သတင်း၏ဒုတိယအချက်မှာ Huan An (ဟွမ်အန်း) နှင့် Zhenting (ကျန်းတင်း) တို့ကြားက ရှုပ်ထွေးနေသောဆက်ဆံရေးဖြစ်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now