Chapter 02 (Unicode)

6.5K 717 19
                                    

Outside the Law 02

NSFW Content Alert !!!

Luo Yu က အမြဲစောစောထလေ့ရှိသည်၊ ကုတင်ခြေရင်းမှလှုပ်ရှားမှုကိုကြားလိုက်ရတော့ သူရုတ်တရက်မျက်လုံးဖွင့်ကာထထိုင်လိုက်သည်။ သူ၏ ကုတင်အောက်၌ သန္ဓေသားကဲ့သို့ ကွေးထုပ်ထားသည့်ပုံစံနှင့် အိပ်ပျော်နေသော Su Jiawen ကိုသာ မြင်လိုက်ရသည်။ မနေ့ညက သူကန်ချခဲ့တာကို သတိရသွားပြီး မသိကျိုးကျွန်ပြုကာ နေလိုက်သည်။

    Luo Yu အပြင်မှာ မနက်ခင်း ပြေးပြီးတဲ့နောက် အပေါ်ထပ်ကိုတက်လာတော့ Su Jiawen က မြေပြင်ပေါ်မှာထိုင်နေလျက် သူ့မျက်လုံးတွေကိုပွတ်နေတာကိုတွေ့လိုက်ရသည်။

    Luo Yu ဝင်လာသည်ကိုမြင်သောအခါ Su Jiawen ကကုတင်အစွန်းကိုဆွဲကိုင်ရင်း။ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

"Mr. Luo, Good Morning!"

    Luo Yu သည် သူ(Su Jiawen) က ပုံစံအသစ်နှင့်အညီ အလျင်အမြန်လိုက်လျော ညီထွေစွာနေ နေသည်ကိုသိလိုက်ရ၍ အများကြီး သင်ပေးစရာမလိုတော့ပေ။  Luo Yu ခေါင်းညိတ်ပြလိုက်ပြီး ရေချိုးခန်းဆီ ထွက်သွားလိုက်သည်။

Luo Yu ရေချိုးခန်းမှထွက်လာသောအခါ Su Jiawen သည်ထိုင်နေဆဲဖြစ်သော်လည်း Luo Yu ကိုစောင့်နေသကဲ့သို့ ကုတင်ပေါ်တွင်ထိုင်နေသည်။ Luo Yu ကဒေါသတကြီးမေးလိုက်သည်။
"ဘာလဲ"  

  "Mr. Luo၊ ငါဘာဝတ်ထားရမလဲ"

Su Jiawen ကသူ့ကိုမေးသည်။    

Luo Yu သည် ဤကဲ့သို့အရာလေးများအတွက်စိတ်ပူပေးစရာမလိုပေ။ သူသည် ကုတင်ခေါင်းရင်း မှ ခေါင်းလောင်းကိုနှိပ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် အိမ်ထိန်းက အခန်းတံခါးကိုခေါက်လာ ပေသည်။ Luo Yu က Su Jiawen အားမေးငေါ့ကာညွှန်ပြရင်း

"သူ့အတွက် ဝတ်စရာတွေ ပြင်ပေးလိုက်"     

အိမ်ထိန်းက ခေါင်းညိတ်ပြပြီးထွက်သွားသည်။ Luo Yu သည် Su Jiawen ကိုလှည့်ကြည့်လိုက်တော့ သူသည် ရေချိုးခန်းဝတ်စုံသာ ဝတ်ဆင်ပြီး လျှောက်သွားရန် အလွန်မသင့်တော်ကြောင်း ခံစားမိသည်ကို သဘောတူလိုက်သည်။ ဒါ့ကြောင့် သူ ဂေါ့ဖ်ရိုက်ရင် ဝတ်နေကျ တီရှပ်အင်္ကျီနှင့် ဗီရိုထဲမှဘောင်းဘီတို ကိုထုတ်ပြီး Su Jiawen ဆီသို့ ပစ်ပေးလိုက်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now