Chapter 12 - Part 1/ 2 (Unicode)

3.8K 500 15
                                    

Outside the Law 12 – Part 1/ 2

Luo Yu (လော့ယွီ) သည် အလွန် အလုပ်များခဲ့သည်။ သူသည် မကြာသေးမီက တရားဝင်စီးပွားရေးများစွာကို လုပ်ခဲ့ရပြီး သူသည် နေရာအနှံ့ပျံသန်းသွားလာခြင်းကို ရှောင်လွှဲမရခဲ့ပေ။

Ruan Zheng က (ရွမ်ကျန်း) သူ့အား ဆက်သွယ်ရန် လုံးဝ မကြိုးစားခဲ့ပေ။ Luo Yu သည် Ruan Zheng ကို နာကျင်စေသော အရာက သူ၏ "လမ်းခွဲလက်ဆောင်" ဟူသော အချက်ကို ကောက်ချက်မချမီအထိ အချိန်အတော်ကြာ စဉ်းစားခဲ့ပေသည်။

သူသည် တောင်အမေရိကတွင် တစ်လခွဲခန့်နေခဲ့ရပြီး ကြီးမားသောကိစ္စတစ်ခုကို ညှိနှိုင်းနိုင်ခဲ့သည်။ အားလုံး အခြေကျပြီးနောက် ဟိုတယ်သို့ပြန်ရောက်လာသောအခါ He Yonggui (ဟဲရုန်ကွေ့) သည် ICU အရေးပေါ်ခန်းထဲသို့ ပို့လိုက်ရပြီဖြစ်ကြောင်း Xing Licheng (ရှင်းလီချန်း) က သူ့အား သတင်းပို့လာသည်။

အနောက်ဂိုဏ်းတွင် မကြာသေးမီက အရာအားလုံး ခက်ခဲနေခဲ့သည်။ အနောက်ဂိုဏ်း၏ စီးပွားရေးသည် မူလတည်းက စက်မှုလုပ်ငန်းများတွင် မသန့်ရှင်းဆုံးဟု ယူဆနိုင်သည်။ ပြီးခဲ့သည့်လက Ping မြို့ကို မြို့တော်ဝင် အသစ်ပြောင်းလာခဲ့သည်။ ၎င်းသည် တစ်စုံတစ်ဦး ၏ညွှန်ကြားချက် (သို့) သူကိုယ်တိုင်က အာဏာပြလိုသော အကြံရှိ၍လား မသိသော်လည်း သူရောက်လာသည့် အနေနှင့် အနောက်ဂိုဏ်းကို စတင် ကိုင်တွယ်ပြလိုက်သည်။ စိတ်ရှုပ်စရာ အနောက်ဂိုဏ်း၏ အမြတ်အစွန်းရဆုံးနေရာများအား ရဲများက ပိတ်လိုက်သည်။

He Yonggui ၏ ညာလက်ရုံးမှ လူအတော်များများကိုဖမ်းဆီးခဲ့သည်။ He Yonggui သည်မေးခွန်းများအတွက် ဆင့်ခေါ်ခြင်းခံရသည်။ သူသည် သာမန် ရဲတစ်ဦး၏ စစ်ဆေးခြင်းကို ခံရသဖြင့် အလွန် စိတ်ပျက်ဒေါသထွက်ကာ ရဲစခန်းရှေ့တွင်ပင် ဦးနှောက်သွေးယိုပြီး ညလယ်ခေါင်၌ လဲကျသွားသည်။ သူ့ကိုဆေးရုံခေါ်သွားကြရသည်။

Xing Licheng က မြို့ရဲ့ အခြေအနေအကြောင်းကို အကျဉ်းချုပ်ပြောပြီး သူကပြောသည်။

"He Yonggui က အရေးပေါ်ကနေ အသက်ရှင်လျက် ထွက်လာရင် သူလုပ်စရာ တစ်ခုခု ကြံစည်ဦးမယ်ထင်တယ်။"

"သူအသက်ရှင်တဲ့အခါမှ ဒီအကြောင်းကို ပြောကြရအောင်"

Luo Yu ကနိဂုံးချုပ်လိုက်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now