Book Edition - Extra Ordinary Street Fighting (1) - Part 4 (Unicode)

2.9K 267 4
                                    

Outside the Law

NSFW: Explicit content alert ‼️

Book Edition – Extra Ordinary Street Fighting (1)

အပိုင်း -  လေး     

Ruan Zheng (ရွမ်ကျန်း) က အပြင်ကို ထွက်လာသည်။ ကျန်လူများသည် ပေါ့ပေါ့ပါးပါးအဝတ်များကို ဝတ်ဆင်ပြီး၍ ဧည့်ခန်း၌ထိုင်နေကာ စကားစမြည်ပြောနေကြပြီဖြစ်သည်။ သူတို့က သူဝင်လာသည်ကိုမြင်သောအခါ သူတို့မျက်နှာမှာ မကောင်းတော့ချေ။

      Ruan Zheng ရဲ့အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး Jiang Qi (ကျန်းချီ) ကို အေးဆေးတည်ငြိမ်စွာ ပြောပေသည်။ 

"မင်းဆက်ကစားပေါ့၊ ငါ အရင်သွားတော့မယ်။"      

စကားပြောပြီးတာနဲ့သူက ဧည့်ခန်းကနေ အဝတ်လဲခန်းကို လျှောက်သွားပြီးနောက် Luo Yu (လော့ယွီ) လည်း အပြင်ထွက်လာပြီး Shen Qi (ရှန်းချီ) ကို မေးလိုက်သည်။

  "Ruan Zheng ဘယ်မှာလဲ။"     

Shen Qi က အဝတ်လဲခန်း/locker အခန်းရဲ့ ဦးတည်ရာကိုညွှန်ပြပြီး  

"အဝတ်တွေ လဲလိုက်။"    

Luo Yu ထွက်သွားခါနီးတွင် Shen Qi က သူ့ကို ရပ်တန့်စေကာ ပြောလိုက်သည်။ 

"ငါတို့မကစားတော့ဘူး။ အသားကင်စားဖို့ ကမ်းခြေသွားရအောင်။ အဲ့ကို ပြီးရင်လာခဲ့။" 

"သိပြီ။"  

Luo Yu လည်း နောက်ပြန်လှည့်မကြည့်ဘဲ အပြင်ကိုထွက်သွားသည်။     

အဝတ်လဲခန်းသည် အလွန်ကြီးမားပြီး သီးခြားအခန်းတစ်ခုစီရှိသည်။ Ruan Zheng သည် အဝတ်များကို အခန်းတစ်ခုထဲသို့ ယူ၍ တံခါးကိုပိတ်လိုက်သော်လည်း သော့ဖွင့်ထားခဲ့သည်။ သူက အင်္ကျီပေါ်က ဂိမ်းမှ အာရုံခံကိရိယာကို ဖြုတ်လိုက်စဉ် တံခါးက တွန်းပွင့်သွားသည်။

      Luo Yu က တံခါးကိုကိုင်ပြီး မတ်တပ်ရပ်နေကာ သူ့ကိုကြည့်နေသည်။ သူ့မျက်လုံးတွေက အန္တရာယ်များနေပြီး 

"မင်း ငါ့ကို ဒေါသထွက်နေတာလား။"     

Ruan Zheng က အာရုံခံကိရိယာကို ဘေးဖယ်လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။ 

"ဟုတ်တယ်၊ ငါမင်းကိုစိတ်ဆိုးတယ်။"     

Luo Yu သည် ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ သူ့က ဝှက်ဖဲများသုံးကာ ကစားသွားခဲ့သည်။သူက  စိတ်ရှုပ်ထွေးနေပြီး ထိတ်လန့်နေဆဲဖြစ်သည်။  Ruan Zheng ရဲ့သေနတ်က သူ့မေးစေ့တွင် ထောက်ထားသည့် အချိန်ကို တွေးမိလိုက်တိုင်း သူက Shen Qi ရဲ့ ဂိမ်းကစားရာနေရာကိုသာ တစ်စစီ ဖြိုဖျက်ပစ်ချင်သော်လည်း Ruan Zheng ကိုတော့ အပြစ်မတင်မိချေ။ Ruan Zheng က သူ့ကိုယ်သူ အလေးအနက်မထားတာကိုသာ သူဒေါသထွက်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Donde viven las historias. Descúbrelo ahora