Outside the Law 05 – Part 2/2
Slight NSFW ALERT!!!
Su Jiawen မေးသောမေးခွန်းများသည် ရှင်းလင်း၍ ဆီလျော်သော်လည်း Luo Yu က သဘောမကျပေ။
Luo Yu သည် Su Jiawen အား မျက်နှာအမူရာမဲ့စွာ စိုက်ကြည့်လိုက်ပြီး တမင်တကာအဓိပ္ပာယ်လွဲမှားစွာ မှတ်ယူလိုက်ကာ
"Jiang Qi (ကျန်းချီ) ဆီကိုသွားချင်နေပြီလား"
Su Jiawen သည်စကားမပြောဘဲခေါင်းငိုက်စိုက်ကျလျက် Luo Yu က မေးလိုက်သည်။
"ဘယ်ပန်းကညှိုးသွားပြီလဲ"
"ဒီတစ်ပွင့် "
Su Jiawen သည် ပန်းပွင့်အခက်များထဲမှ တစ်ပွင့်ကိုဆွဲထုတ်လိုက်ပြီး Luo Yu ကို ပြလိုက်သည်။
"ဒီပွင့်ချပ်လေး"
Luo Yu သည်သူ၏လက်ကိုဆန့်၍ ထိုပန်းကိုဆွဲထုတ်ကာ အမှိုက်ပုံးထဲသို့ပစ်ချလိုက်ပြီး အဝတ်လဲခန်းထဲသို့ လျှောက်သွားသည်။
Su Jiawen သည်အလွန်ဒေါသထွက်ကာ သူ့ခြေထောက်ကို ဆောင့်လိုက်ပြီး
"မင်းကဘာလို့ သူများရဲ့ပန်းတွေကို လွှင့်ပစ်နေတာလဲ!"
Luo Yu ရပ်တန့်သွားပြီး နောက်လှည့်ကြည့်ကာ Su Jiawen ကို စိုက်ကြည့်နေလိုက်သည်။ Su Jiawen ကတစ်ဖန်ပြန်မပြောဘဲ စကားမပြောဘဲနေသော်လည်း သူ၏အမူအရာကမကျေနပ်သေးပေ။
"မင်းက ငါ့ကို ဒေါသထွက်နေတာလား"
Luo Yu ကသူ့ကိုမေးလိုက်သည်။
"မထွက်ရဲပါဘူး။ "
Su Jiawen ကအမှိုက်ပုံးကို ခြေထိပ်ဖျားနဲ့ကန်လိုက်ပြီး မနက်စာစားဖို့အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။ နံနက်စာစားပြီးသောအခါ စားဖိုမှူးမှ ပြုလုပ်သော side dish အသစ်သည် Su Jiawen ၏အာရုံကိုဖမ်းစားသွားသည်။
"အန်တီလျူ၊ ဒါကိုဘယ်လိုလုပ်တာလဲ။ "
Su Jiawen က ဖြတ်သွားတဲ့စားဖိုမှူးကိုတားပြီး သူက သူမကိုမေးလိုက်သည်။
"ငါ့အဖေက ငါ့အတွက် ငယ်ငယ်တုန်းကအဲဒါကိုလုပ်ကျွေးဖူးတာ၊ အဲဒါကို ငါအဲ့တည်းက မစားရတော့ဘူး"

BẠN ĐANG ĐỌC
နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]
Tiểu Thuyết ChungUnicode ရက်စက်ကြမ်းကြုတ်တဲ့ လောကရဲ့ ခေါင်းဆောင်များ အကြား သမရိုးကျမဟုတ်သော ဇာတ်လမ်းလေး တစ်ပုဒ်... နောက်ခံ ရာဇဝင်နှင့် ပုံစံပြောင်းထားတဲ့ အလွန် အချစ်ကြီးတဲ့ Gangster နဲ့ သွေးအေးပြီး ပေါ့ပေါ့ပဲ နေတတ်တဲ့ ခေါင်းဆောင် Luo yu x Ruan Zheng Title - Outside...