Chapter 11 - Part 1/ 2 (Unicode)

4K 506 29
                                    


Outside the Law 11 – Part 1/ 2

TW// NSFW : explicit sexual content ALERT!

Ping မြို့တွင် နေ့စဉ် အလွန်ခမ်းနားသည့် ကပွဲများနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်သည့်ပွဲများ ရှိသော်လည်း Luo Yu (လော့ယွီ) , Ruan Zheng (ရွမ်ကျန်း) , နှင့် He Yonggui (ဟဲရုန်ကွေ့) တို့ အကုန် ပါဝင်တက်ရောက်မည်ဖြစ်သော မစ္စတာ Wang ဦးဆောင်ကျင်းပသည့် ယခုပွဲသည် မကြုံစဖူး ပထမဦးဆုံးနှင့် တစ်ခုတည်းသာ ဖြစ်ပေမည်။

    ပွဲစီစဉ်သူ Wang Wenguang (ဝမ်ဝမ်းကွမ်း) သည် Ping မြို့ရှိ ဝါရင့်သူဌေးတစ်ဦး ဖြစ်သည်။ သူသည် လူတိုင်းနဲ့ ခင်မင်ပြီး လူမှုရေးပွဲများကို ခုံမင်သူဖြစ်သည်။ သူက ဘယ်သူနဲ့ မဆို အပေါင်းအသင်းလုပ်ရသည်ကိုလည်း တန်ဖိုးရှိသည်ဟု ထင်မြင်တတ်သူဖြစ်သည်။

    Ruan Zheng ၏ ကိုယ်ရေးကိစ္စကြောင့်  Zhen Ting (ကျန်းတင်း) အားဖိတ်ကြားချက်ပေးသည့် အခါတိုင်း သူက Ruan Zheng နှင့် Jiang Qi တို့ကို အဖော်များနှင့် တကွ အတူတက်ရောက်ရန် ပျူငှာစွာဖိတ်ကြားပါသည် ဟု ရေးသားကာ ဖိတ်ကြားတတ်သည်။ Ruan Zheng ကတော့ တက်ရောက်လေ့ မရှိပေ။ ဒီတစ်ကြိမ်  Zhen Ting နှင့်စားပွဲဝိုင်းအား အတည်ပြုသည့်အခါ Zhen Ting မှ  Ruan Zheng ပါတက်ရောက်လာမည်ကို ရုတ်တရက် ပြောခဲ့ပြီး ညှိနှိုင်းရေးမှူးက ထိုကိစ္စကို Wang Wenguang အား ချက်ချင်းအကြောင်းကြားလိုက်သည်။ ထိုသတင်းကို Wenguang ကြားသောအခါ အံ့ဩလွန်း၍ မေးစေ့တောင် လျောကျကာ ပါးစပ်ပင် မစိနိုင်ချေ။

   နေ့ခင်း တစ်ဝက်အကြာမှာတော့ Ruan Zheng က ဒီညပါတီကို တက်ရောက်လာမည်ကို လူတိုင်းသိသွားကြသည်။ Ruan Zheng ၏ မျက်နှာအစစ်အမှန်ကိုမြင်လိုသောကြောင့် ဖိတ်ကြားခြင်း ခံရသော်လည်း ပွဲမတက်မည့်သူများပင် မြို့သို့ ပြန်လာကာ Ruan Zheng က ဘယ်လို ပုံစံဆိုတာကို သိချင်ကြသည်။

    Ruan Zheng သည် လူအများရှေ့မှောက် ပွဲသို့တက်ရောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် သုံးဆင့်ပါ ဝတ်စုံကို ဝတ်ဆင်ထားပြီး အိမ်ရှင် ၏ ဆန့်ကျင်ဘက်၌ ပျော်ရွှင်စွာပြုံးနေသည်။

    "Ah Zheng၊ ဒါကမစ္စတာ Wang"

Jiang Qi က Ruan Zheng ကို မိတ်ဆက်ပေးသည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now