Chapter 09 - Part 1/ 2 (Unicode)

3.8K 509 31
                                    

Outside the Law 09 – Part 1/ 2

Luo Yu (လော့ယွီ) သည် Su Jiawen (စုကျားဝမ်) အား နိုင်ငံ U ရှိ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားသောအချိန်တွင်  Su Jiawen  ကိုယ်၌ ကျန်ရှိနေသော Jiang Qi (ကျန်းချီ) ချန်ထားခဲ့သည့် အမှတ်ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။

    Su Jiawen သည် သူ၏ကျောင်းလွယ်အိတ်မှ သူ၏ပတ်စ်ပို့ကို ထုတ်ယူလိုက်သည်၊ ၎င်းက ဗလာဖြစ်သည်။ Luo Yu က အဲဒါကိုယူပြီး လှန်ကြည့်လိုက်ကာ မေးလိုက်သည်။

"မင်း တခါမှ နိုင်ငံခြား မသွားဖူးဘူးလား?"

    "ငါ မူလက တတိယနှစ်၊ ဒုတိယနှစ်ဝက်မှာ လေ့လာရေး ကျောင်းသားအဖြစ်သွားဖို့ရှိခဲ့တာ"

Su Jiawen ကပြောသည်။ Luo Yu ကိုကြည့်ဖို့ သူက တွားသွားရင်း ခေါင်းယိမ်းလိုက်သည်။

    Luo Yu က သူ့ခေါင်းစဉ်ကိုရှောင်ပြီး ပြောလိုက်သည်။

"စိတ်မပူနဲ့။ နိုင်ငံ U ရောက်ရင် ငါတို့မှာ ဗီဇာရလာလိမ့်မယ်။"

    Su Jiawen က နာခံစွာခေါင်းညိတ်သည်။

    Su Jiawen သည် Luo Yu ၏ အိမ်၌ ရက်အနည်းငယ်နေခဲ့သည်။ Luo Yu ကလည်း သူနှင့်အတူ အဖော်ပြုရန် အိမ်တွင်သာ အလုပ်လုပ်နေခဲ့သည်။ သူသည် နေ့တစ်ဝက်ထက်ပိုပြီး အိမ်အပြင် မထွက်ပေ။ Su Jiawen က အိမ်ကို ပြန်ရောက်စကလို နှေးနှေးကွေးကွေး မဟုတ်တော့ပေမယ့် သူအရင်နေခဲ့ဖူးတုန်းကလို ပုံစံမျိုးပြန်မဖြစ်သေးပေ။ ဒါကြောင့် Luo Yu က Su Jiawen ကို ပြုပြင်ဖို့ တစ်ခုတည်း‌သော နည်းလမ်းက အပျော်ခရီးခေါ်သွားပေးခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။

    Su Jiawen ကို အရင်တုန်းက introverted (တစ်သီးတစ်သန့်နေတတ်တယ်) လို့ပြောနိုင်ပေမယ့် အခုတော့ သူက လုံးဝ လူမှုဆက်ဆံရေးကို ဖြတ်လိုက်သည်ဟု ဆိုနိုင်သည်။ သူက Abel နှင့်လည်း လမ်းလျှောက်တာတောင် မကြိုက်တော့ချေ။ သူ့ကို ဆယ်ခွန်းပြောမှ တစ်ခွန်းပြန်ပြောသည်။ အတိတ်မှာသာ ဒီလိုဖြစ်ပါက Luo Yu က သူ့ကိုအိမ်ကနှင်ထုတ်လိုက်ပြီဖြစ်သော်လည်း အခုတော့ Luo Yu က ဘာမှမလုပ်နိုင်ချေ။

    သူတို့ အပူပိုင်းကျွန်းသို့ ရက်အနည်းငယ် အနားယူရန် သွားမည်ဖြစ်ကြောင်း ပြောသောအခါ Su Jiawen က စိတ်ဝင်စားမှုကင်းမဲ့ပုံပေါ်နေသည်။ Luo Yu က စိတ်ပူပန်လာသည်။ အကြောင်းက သူကိုယ်တိုင် Su Jiawen ကို စိတ်ကျေနပ်ပျော်ရွှင်စေရန် ဒီခရီးကို စီစဉ်ခဲ့ရသောကြောင့်ဖြစ်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now