Chapter 04 - Part 1/2 (Zawgyi)

1.9K 132 0
                                    




Outside the Law 04 – Part 1 / 2

နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးလိုင်းများ အကြောင်းပြောရလျှင် Luo Yu က အရောင်းအဝယ်အနည်းငယ်ကို နှစ်လကျော်အတွင်းမှာ ချောချောမွေ့မွေ့လုပ်ဆောင်ခဲ့သည်။

Ruan Zheng (ရွမ်ကျန်း) နှင့်သူ၏ Zhenting (ကျန်းတင်း) တို့သည်လည်း တစ်ကြိမ်ထပ်မံ တိတ်ဆိတ်နေပြန်သည်။

Luo Yu (လော့ယွီ) က တစ်နေ့မှာတော့ Xing Licheng (ရှင်းလီချန်း) ကို အာ့အကြောင်း မေးပြီး Xing Licheng (ရှင်းလီချန်း) က စုံစမ်းစစ်ဆေးရာ အဖြေရလာခဲ့သည်။

Ruan Zheng (ရွမ်ကျန်း) သည် လွန်ခဲ့သောသုံးလက လာအို တွင်ပေါ်လာခဲ့ပေသည်။ သူတို့တွင် Ping မြို့မှ ရဲသတင်းပေးတစ် ဦးရှိသည်။ သူသည် Ruan Zheng ၏ နောက်ကျောကို ဓာတ်ပုံရိုက်ယူခဲ့သည်။

Ruan Zheng သည် ငွေဖြူဆံပင်ကိုဆိုးထားပြီး သူ၏ခန္ဓာကိုယ်အနောက်ဘက်ကို ထိုင်ခုံနောက်က ပိတ်ဆို့ကာကွယ်ထားသည်။ ဓာတ်ပုံကနေ သိရသည့် တစ်ခုတည်းသော အရာက သူသည် အလွန်ဖျော့တော့သည့် အသားရေရှိသည်ပင်။

ဒီဓာတ်ပုံကို Ping မြို့ရဲတွေဆီကိုမရောက်ခင်မှာ အဆင့်ဆင့်တွေဖြန့်ပြီး နောက်နေ့မှာတော့ Luo Yu ရဲ့စားပွဲပေါ်တွင် ရောက်ရှိလာပေသည်။

Luo Yu သည် Su Jiawen (စုကျားဝမ်) နှင့်ယမန်နေ့ညက နောက်ကျသည်အထိ အတူတူရှိခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် Luo Yu က Su Jiawen မှ အိပ်ရာပေါ်တွင် ပေးခဲ့သော သူနားမလည်နိုင်သည့်စွမ်းအင်များကို ခံစားသိရှိနေတုန်းဖြစ်ပြီး သူ၏စိတ်တွင် နှလုံးသားလေး ယားယံနေဆဲဖြစ်သည်။

Jiawen ကို တွေ့ရှိခဲ့သူမှာ သူဖြစ်ပြီး အိမ်ခေါ်လာနိုင်သူမှာ သူဖြစ်သည်ကို Luo Yu က အမြဲဝမ်းသာနေသည်။ မဟုတ်ရင် Jiawen (ကျားဝမ်) ၏ ဖြူစင်ပြီးနူးညံ့သောစိတ်နေစိတ်ထားကြောင့် သူသည်White Nest တွင် ဆက်နေပါက အရိုးတခြား အသားတစ်ခြားဖြစ်ပြီး သေဆုံးသွားနိုင်သည်။

စားပွဲပေါ်မှဓာတ်ပုံကိုကြည့်ပြီး Xing Licheng (ရှင်းလီချန်း) ကဓာတ်ပုံရလာသည့် အကြောင်းပြချက်ကို တိုတိုတုတ်တုတ်ရှင်းပြသည်။ Luo Yu ကဓာတ်ပုံကိုကောက်ကိုင်ပြီးသေသေချာချာကြည့်လိုက်ကာ Xing Licheng ကို မေးလိုက်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now