Chapter 10 - Part 1/ 2 (Zawgyi)

1.5K 112 10
                                    

Outside the Law 10 – Part 1/ 2

Luo Yu (လော့ယွီ) က တွေဝေနေသည်ကို အခွင့်ကောင်းယူ၍ Jiang Qi (ကျန်းချီ) က သူ့အား ချိန်ထားသော သေနတ်ကို လုလိုက်ကာ ချိန်းကြိုးကို သေနတ်နှင့် ပစ်လိုက်ပြီး တံခါးကို တွန်းကန်ဖွင့်လိုက်သည်။ သူ၏ လက်မောင်း ဒဏ်ရာမှ သွေးများထွက်နေဆဲဖြစ်ကာ သူမျက်နှာမှာ ဖြူဖျော့နေသည်။

    Su Jiawen (စုကျားဝမ်) လည်း သေနတ်ကိုပြန်ဆုတ်လိုက်ပြီး၊ ကျောပိုးအိတ်ထဲသို့ပြန်ထည့်လိုက်ကာ Luo Yu ၏ လက်ကိုဖမ်းဆွဲပြီး သူ့အားတွဲပွေ့ရင်း မေးလိုက်သည်။

"မင်းလမ်းလျှောက်နိုင်သေးလား"

    Luo Yu ကဘာမှမပြောဘဲ Su Jiawen ကိုကြည့်လိုက်သည်။ Su Jiawen က သူ့မျက်လုံးတွေကို ရှောင်ပြီး ရှေ့ကိုသာဆွဲခေါ်သွားသည်။ အနည်းဆုံးတော့ Luo Yu က သူ့ကို မခုခံချေ။

    တိုက်ဆိုင်စွာပဲ ကားပါကင်က တံခါးအပြင်ဘက်တွင်ရှိနေသည်။  Jiang Qi သည် ရှေ့ကနေ ဆက်သွားရင်း ဆပ်ဗ်ကား အဟောင်းတစ်စီး ကိုတွေ့ရာ Su Jiawen ကိုလက်လှမ်းပြ၍ ကားကို ဒဏ်ရာမရသည့် ဘယ်ဘက် လက်ညှိုးနှင့်ညွှန်ပြသည်။

    Su Jiawen က Luo Yu ကိုဆွဲခေါ်လာပြီး Jiang Qi ကို Luo Yu အား တွဲကာ မတ်တပ်ရပ်နိုင်ရန် ကူလိုက်စေသည်။ ပြီးတော့ သူက ကားပြတင်းပေါက်မှန်ကို တိုက်ရိုက်ပစ်လိုက်သည်။

    မှန်သည် ကွဲကြေသွားသည်။ Su Jiawen က တံခါးကိုဖွင့်လိုက်ပြီး ကားထိုင်ခုံကူရှင်ကို မြေပြင်ပေါ်ပစ်ချ၍ ဖယ်လိုက်ပြီးနောက် နောက်ခန်းတံခါးကို ပြန်ဖွင့်ပေးရန် ထိုင်ခုံနောက်သို့ တွားသွားရင်း တံခါးဖွင့်ပေးလိုက်သည်။

    Jiang Qi က တိုက်တွန်းလိုက်သည်။

"မြန်မြန်လုပ်၊ He Yonggui (ဟဲရုန်ကွေ့) ငှားထားတဲ့ စစ်သားတွေ ဒီရောက်လာတော့မယ်"

Su Jiawen ကားနောက်ခန်းတံခါးကိုဖွင့်လိုက်သည်။ Jiang Qi သည် Luo Yu ကို အရင် တွန်းသွင်း လိုက်သည်။ Luo Yu ၏ ခြေထောက်သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်၊ သူသည် အလွန်အကျွံသွေးထွက်ခြင်းကြောင့် နဖူးတွင် ချွေးများဖြင့် အေးစက်နေသော်လည်း Jiang Qi သည်လည်း သူ့ထက် မသက်သာသေးချေ။ ညာဘက်လက်မောင်းကို သေနတ်ထိမှန်ထားသည်က အလွန်ပြင်းထန်ပေသည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now