Extra 2 Some Other Things- Part 4 (Zawgyi)

1.9K 99 1
                                    

Outside the Law Extra 2 Some Other Things– Part 4

အပိုင်း - ၄ ။

   နှစ်သစ်ကူးအကြိုအခါ ညစာ မှာတော့ Luo Yu (လော့ယွီ) က Ruan Zheng (ရွမ်ကျန်း) ရဲ့ ဝိုင်ဖန်ခွက်ကို အသက်တမျှ ဇွတ်အတင်းကာကွယ်ခဲ့ပြီး သူ့အားမသောက်စေရန် ငြင်းဆိုပေးခဲ့သည်။ ယမန်နေ့ညက ဖခင်နှစ်ဦး နှင့် ချီးလိုလို သူငယ်ချင်းတစ်ဦးတို့က သူ့ကလေးကို  ဝိုင်များစွာလောင်းထည့်ပေး၍ အတင်းအကျပ်သောက်ခိုင်းခဲ့သောကြောင့် Ruan Zheng ခမျာ အရက်တွေကို သူသောက်နိုင်တာထက် အများကြီး ပို၍ သောက်ခဲ့ရသည်။

    ယခု ညစာစားပြီးနောက်မှာတော့ Luo Yu က Shen Qi (ရှန်းချီ) ရဲ့ လောင်းကစားရုံသို့သွားရန် ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ပြီး Ruan Zheng ကိုသာ သူတို့ အခန်းထဲပြန်ဆွဲခေါ်လာခဲ့သည်။

   အကြောင်းက သူတို့ ဟိုတယ်က နှစ်သစ်ကူး အကြိုအတွက် သန်းခေါင်ယံ အချိန်တွင် မီးပန်းပြပွဲ ကျင်းပပေးမည် ဖြစ်သောကြောင့်ပင်။ Luo Yu သည် သူပြောချင်သော စကားကိုသိစေရန် Ruan Zheng ကို မြင်အောင် ပြရမည်ဖြစ်သည်။ Ruan Zheng ကတော့ Luo Yu ရဲ့နောက်ကွယ်က တက်ကြွနေတဲ့ အကြောင်းရင်းခံကို မသိသောကြောင့် နာခံစွာပဲ အခန်းစီးလိုက်ကာ များကို ဖွင့်ထားကာ Luo Yu အတွက် အမူးပြေစေရန် စွတ်ပြုတ်တစ်ခွက်ကိုပင် မှာပေးထားလိုက်သည်။

ဒါပေမယ့် အမူးပြေစေတဲ့ စွတ်ပြုတ်ဟင်းချိုတွေ အခန်းဆီ ရောက်မလာခင်မှာပဲ သူတို့က ကလေးတွေအတွက် မသင့်တော်တဲ့ Rated လှုပ်ရှားမှုများကို စတင်ပြုလုပ်ခဲ့ကြသည်။ သူတို့နှစ်ဦး ရဲ့ မောဟိုက်နေတဲ့ အသက်ရှူသံတွေ တိတ်ဆိတ်သွားပြီး သိပ်မကြာခင်မှာ ဧည့်ခန်းထဲက တိုင်ကပ်နာရီက ၁၂ ကြိမ်ကို ထိခတ်သွားပေသည်။

    အပြင်ဘက်တွင် မီးရှူးမီးပန်းများသည် ကောင်းကင်ယံသို့ တက်လာပြီး ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ ထို့နောက် ပုံသဏ္ဏာန်မျိုးစုံ၊ အရောင်အသွေးစုံ တောက်ပနေသော မီးရှူးမီးပန်းများက ညဉ့်ဦးယံကောင်းကင်တွင် ပေါက်ကွဲကာ ကြယ်စင်များနှင့် အတူ ကောင်းကင်နှင့် ပင်လယ်မျက်နှာပြင်ကို တောက်ပစေခဲ့သည်။

    Ruan Zheng က ခဏလောက်ကြည့်လိုက်ပြီး ရုတ်တရက် ခေါင်းကိုလှည့်လိုက်ကာ Luo Yu ကိုမေးလိုက်သည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now