Extra 2 Some Other Things - Part 3 (Unicode)

3.5K 478 15
                                    

Outside the Law Extra 2 Some Other Things – Part 3

TW// NSFW: Explicit Sex Scenes & sexual Content ALERT!!!

အပိုင်း - ၃ ။    

ထိုညတွင် Luo Yu (လော့ယွီ) သည် Ruan Zheng (ရွမ်ကျန်း) ကို အိပ်မက်မက်သည်။     သူ့ အိပ်မက်ထဲတွင် သူက ဆယ့်ငါးနှစ်အရွယ်မှာ ဖြစ်သည်။ Yu Xinxin က နယ်စပ်မှာတွေ့တဲ့ ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့သည်။

     ကောင်လေးဟာ ငယ်ပုံရပြီး သူ့ထက် အသက်တစ်နှစ်ငယ်ပေသည်။ ထို ကောင်လေးတွင် နူးညံ့ပြီး ချောမောလှပတဲ့မျက်နှာရှိပေသည်။ သူ့ မျိုးရိုး နာမည် က Ruan ဖြစ်ပြီး သူ့နာမည်အရင်း က Zheng စာလုံးတစ်လုံးတည်းဖြစ်ပေသည်။  Ruan Zheng သည် ထိခိုက်ဒဏ်ရာ ရရှိထားပြီး  Yu Xinxin က သူ့ကို အိမ်သို့ခေါ်လာပြီး ဆေးများကုသပေးကာ သားငယ်လေးအဖြစ် ပြုစုပျိုးထောင်ပေးခဲ့သည်။

     အစပိုင်းမှာတော့ Luo Yu က သူ့အမေက ခေါ်လာတဲ့ ဒီ အမျိုးအမည်မသိ ကောင်လေးကိုကြည့်ပြီး အထင်သေးပေသည်။ သူက Ruan Zheng ဟာ အလွန် မိန်းမဆန်ပြီး အသုံးမဝင်ဘူးလို့ခံစားရသည်။  သူက သူ့ကိုကြည့်တောင်မကြည့်ချင်ခဲ့ပေမဲ့ ဘယ်အချိန်က စမှန်းမသိဘဲ သူက Ruan Zheng ကို အထူးဂရုပြု သတိမူနေခဲ့ပေသည်။

     အလယ်တန်းကျောင်းတွင် Ruan Zheng သည် အတန်းထဲတွင် မိန်းကလေးများအကြားတွင် အမြဲလိုလို ဆွေးနွေးရသော ခေါင်းစဉ်ဖြစ်သည်။  Ruan Zheng လို အလယ်တန်းကျောင်းသားလေးသည် အလွန်ချစ်စရာကောင်းပြီး အများသူငှာကို အလေးပေးစဉ်းစားပေးတတ်သော ဂျူနီယာလေးလည်း ဖြစ်သဖြင့် ကောင်မလေးများက သူနှင့်ချစ်ကြိုက်ချင်ကြသည်။

     Luo Yu ရဲ့အချစ်ဆုံးသူငယ်ချင်း Shen Qi (ရှန်းချီ) က မေးခဲ့ဖူးသည် - မင်းအိမ်ကနေ Ruan Zheng ကို အပြင်မှာ အတူကစားဖို့ မင်းဘာလို့ မခေါ်ဖူးတာလဲ။

     အိပ်မက်သည် တိတ်ဆိတ်သော ရှေးခေတ် ရုပ်ရှင်ကဲ့သို့ အိပ်မက်ထဲတွင် အရောင်များသည် မှုန်မှိုင်းနေသည်။ မြင်ကွင်းသည် တစ်ခါတစ်ရံသာ ကြည်လင်သည်။ ဥပမာ၊ Ruan Zheng သည် ကျောင်းဖွင့်ပွဲ အစည်းအဝေးတွင် အလယ်တန်းကျောင်းသားများ ကိုယ်စားမိန့်ခွန်းပြောခဲ့သည့် အချိန်မျိုးပင်။ Ruan Zheng ကို လူတိုင်းကြည့်နေကြသည်။

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now