Chapter 09 - Part 2/ 2 (Unicode)

3.8K 518 12
                                    

Outside the Law 09 – Part 2/ 2

  Luo Yu သည် Su Jiawen ကို သေနတ်ပစ်ကွင်းသို့ခေါ်ဆောင်သွားသည်။     သူက Su Jiawen ကို ပစ်နည်းသင်ပေးသည်။ Su Jiawen က တော်တော် ညံ့သည်။ Luo Yu ကသူ့ကို တစ်ဆင့်ချင်းဆီ သူကိုယ်တိုင် လက်နဲ့သင်ပေးသည်။ Su Jiawen က သေနတ်ကိုကိုင်ပြီး ဟိုဘက်ဒီဘက် လေ့လာကြည့်လိုက်သည်။ ပထမအကြိမ် ပစ်လိုက်တဲ့နောက် ပစ်မှတ်ကိုသူလွဲသွားသည်။   

Su Jiawen သည်နားကြပ်ကိုချွတ်ကာ သေနတ်ကိုစားပွဲပေါ်ပစ်ချလိုက်သည်။

"လက်ချောင်းထိပ်မှာ အသားမာတတ်နေသူက ပစ်မှတ်ကို ကောင်းကောင်းပစ်နိုင်မယ်လို့ ငါထင်ထားခဲ့တာ။"

Luo Yu က Su Jiawen ၏ ပစ်မှတ်ထိမှု ကြေညာချက်ကို နားထောင်ရင်း လှောင်ပြောင်ကာစနောက်ပြောလိုက်သည်။    

Su Jiawen ကခေါင်းငုံ့လိုက်ပြီး မောင်းဆွဲရာက နာကျင်နေတဲ့လက်ကောက်ဝတ်ကိုတို့ထိလိုက်ပြီး ပြန်ပြောလိုက်သည်။

"ငါ စာအုပ်ကိုလှန်ရာက ရတာလို့ မင်းကို ပြောသားပဲ။"    

Luo Yu က သူ၏နူးညံ့သောလက်ကိုညှစ်လိုက်ပြီး မေးလိုက်သည်။

"တကယ်လား"     

Su Jiawen က ယုံကြည်မှုရှိစွာပြန်ဖြေသည်။
"မဟုတ်ရင်?" 

    "နောက်ထပ် ထပ်လေ့ကျင့်ပါ၊ ငါမင်းကို တစ်ခုခု ယူပေးစရာရှိတယ်"

  Luo Yu က လှည့်ထွက်သွားသည်။ Su Jiawen က သေနတ်ကို ဆုပ်ကိုင်ပြီး ခေါင်းကိုငုံ့ထားကာ စူးစမ်းနေလိုက်သည်။    

ခဏအကြာမှာတော့ Luo Yu ပြန်လာပြီး ပြင်ဆင်ထားသည့်သေတ္တာကို Su Jiawen ကို ကမ်းပေးလိုက်ကာ

"မင်းဒီသေနတ်ကိုယူလိုက်။"     

Su Jiawen သည်သေတ္တာကိုဖွင့်လိုက်သည်။ ၎င်းသည် စိတ်ကြိုက်ပြုလုပ်ထားသော (customized) Glock 17 ဖြစ်သည်။ ကျည်ကပ် နှင့်ကျည်ဆံများကို သေတ္တာ၏ဘေးတဝိုက်ရှိသေးငယ်သော groove နှစ်ခုတွင် သီးခြားစီထည့်ထားသည်။
Luo Yu သည် Su Jiawen ကို ကျည်ဖြည့်ခြင်းကို သရုပ်ပြသည်။ သူက ကျည် ၂တောင့်ဖြည့်ပြီးနောက်  Su Jiawen ကို ပေးလိုက်ကာ

  "စမ်းကြည့်လိုက် "    

Su Jiawen က ၎င်းကို ယူ၍ ကျည်ဆံတစ်တောင့်ကို ကို့ယို့ကားယားထည့်လိုက်တော့ Luo Yu ကပြုံးလိုက်ပြီး

နိယာမ၏ ပြင်ပ OTL (မြန်မာပြန်) [Complete]Where stories live. Discover now