အပိုင်း ၁၄

6.1K 787 153
                                    

ကန်ရေပြင်ထက် ယှက်ကာပြေးသော လေပြည်သည် ကန်ရေစပ်ရှိ မြက်ပင်ငယ်များကိုပါ လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည့်အပြင် အဝေးတစ်နေရာမှ လှိုင်းသံများကို ယူဆောင်လာပေးသည်။ တိမ်မျှင်တိမ်စပင်မရှိသော ကောင်းကင်ပြင်ထက်မှ နွေးထွေးသော နေရောင်သည် ဖြန့်ကျဲကျရောက်နေဆဲ။ အရာရာသည် ငြိမ်းချမ်းစွာသာယာမှုအပြည့်။

ခတ္တာနှင့်မင်းနောင်သည် ကန်ရေစပ်နားရှိ ရေတင်ကျန်နေသော အိုင်ငယ်များအတွင်းမှ ငါးငယ်၊ ပုစွန်ငယ်များကို ဖမ်းနေကြသည်။ ရေဝပ်မြက်ခင်းများကြား ငါးပေါက်အချို့နှင့် ပုစွန်ဆိတ်အချို့သာရှိသော်လည်း ကြိမ်ခြင်းပေါက်တစ်ခုနှင့် အရှုံးမပေးစတမ်း ကြိုးစားနေခဲ့တာ ကြာခဲ့ပြီ။

ကျစ်ဆံမြီးကျစ် ဆံပင်ရှည်ကို ဆံထုံးသဖွယ်ခေါက်သိမ်းထားပြီး တောပန်းများဝေနေသည့် ခတ္တာသည် ကန်ရေနောက်ခံ အလှကြီးလှနေသည်။ ဘေးမှာရှိနေသူကတော့ ဆန့်ကျင်ဖက်။ နေလောင်ထားသော ဆံစများတွင် ရွှံ့ဗွက်များကပ်ပြီး အချောင်းလိုက်ခြောက်သွေ့နေပြီ။ ဘောင်းဘီတိုသည် ဒူးပေါ်လောက်ထိဖြစ်သော်လည်း အနားစတွင် ရေတွေရွှဲနေပြီ။ ပွင့်ဟနေသည့် ကြယ်သီးမပါသော လက်ပြတ်အင်္ကျီကြောင့် ကျစ်လျစ်ကြံ့ခိုင်သော ကိုယ်ခန္ဓာသည် ထင်ဟပ်နေလျက်။ လိုက်ဖက်စွာ မြင်နေရသည့် ဆင်စွယ်လည်ဆွဲသည် ငိုက်ကျကာ ယိမ်းခါလှုပ်ရှားလျက်ရှိသည်။

"ဒီကအစ်ကို"

"အင်း.."

ဒီလည်ဆွဲက..

မင်းနောင် ခတ္တာကို ကြည့်ကာ ထုံးစံအတိုင်း ခပ်ပြုံးပြုံးမေးသည်။

"နင် ကြိုက်နေပြီလား"

"ကြိုက်နေပြီ.. လည်ဆွဲကို"

မင်းနောင် ဘယ်လောက် စနောက်ပါစေ။ ပြန်ဖြေရန်အသင့်ဖြစ်ကာ ဘယ်တော့မှ မျက်နှာမပျက်သည့် မိန်းကလေးက နှစ်လိုဖွယ်ရာ ရယ်မောနေပြီ။

"အရင်က မရှိပါဘူး"

"အေး.."

"အခုမှ ဘာလို့ဝတ်လဲ"

"ဘာလို့လဲ.. ငါနဲ့မလိုက်လို့လား.."

"လိုက်ပါတယ်.. ဒါပေမဲ့ ထူးဆန်းသလားလို့.. ဘယ်တုန်းကမှ အပြင်အဆင်ကို ဂရုမစိုက်တဲ့ ဒီကအစ်ကိုက လည်ဆွဲတွေဝတ်.. လိုက်မလား မလိုက်ဘူးလားတွေ တွေးပူတတ်နေပြီ.."

ဖူးစာယှဥ်Where stories live. Discover now