အပိုင်း ၂၃

5.8K 793 175
                                    

မြေအိုးငယ်ကို ငုံ့ကြည့်နေသော ရာဇာ၏ ကျောက်စိမ်းနားဆွဲငယ်သည် လှုပ်ရှားယိမ်းလျက်။ မသိမသာချွန်သယောင်ထင်ရသော နားရွက်ထိပ်ဖျားသည် စိတ်လှုပ်ရှားမှုကြောင့် နီ၍လာသည်။ နှုတ်ခမ်းထက်မှ အပြုံးများသည် ပျောက်ပျယ်မသွားသေး။ မျက်လုံးထောင့်မှမြင်လိုက်ရသော လှုပ်ရှားမှုကြောင့် လှည့်ကြည့်ချိန်မှာ ဖခင်ဖြစ်သူကို တွေ့လိုက်ရသည်။

"ဘာတွေသဘောကျနေလဲ ရာဇာ"

ရာဇာ အပြုံးနှင့်ပင် မသိမသာခေါင်းငုံ့သွားသည်။ ဖခင်အား မည်သည့်အကြောင်းအရာကိုမှ ဖုံးကွယ်ထားခြင်း မရှိတတ်သော်လည်း ဒီတစ်ခေါက်တော့ ပျားပန်းသီးအရက်သည် မည်သူ့ထံမှဖြစ်သည်ကို ပြောမထွက်။

"ဒီအရက်က တစ်ယောက်ယောက်ရဲ့ လက်ဆောင်ပဲဖြစ်ရမယ်.. ငါ့သား ဒီလိုသဘောကျနေတာမျိုး မြင်ရခဲတယ်.."

ရာဇာ ခေါင်းညိတ်သည်။ မည်သည့်အရာကိုမှ ပေါ့ပေါ့တန်တန် သဘောမထားဘဲ အလေးအနက်ထားတတ်သော ဖခင်ဖြစ်သူကို လေးစားသည်။ မင်းနောင်နှင့် ဖြစ်ခဲ့သည်များကို အသိမပေးရသေးသောကြောင့် စိတ်မလုံသလို ခံစားရသည်ကတော့အမှန်။ မထင်မှတ်ထားဘဲ သူနှစ်သက်သောအရက်ကို ပို့ပေးလိုက်၍ အခြေအနေသည် ထင်သလောက် ဆိုးဝါးလိမ့်မည်မဟုတ်ဟု ယူဆကာ စိတ်အေးရသည်။

"မင်းကိုလိုက်ရှာနေတာ.. ငါတို့ အေးအေးစကားမပြောရတာကြာပြီ"

ရေနဂါးမင်းကြီးသည် ရာဇာ၏ ပခုံးကိုသိုင်းဖက်ကာ သောင်ပြင်အတိုင်း ဆက်လျှောက်လာသည်။ ထည်ဝါသော ရဲတိုက်နန်းတော်ကြီးရှိရာ မော့ကြည့်ရင်း စကားဆက်သည်။

"မင်းကို အမြန်ဆုံးအရိုက်အရာလွှဲပေးဖို့ ငါ ဆုံးဖြတ်ပြီးပြီ.."

"ဗျာ..."

"ငါ နားချင်ပြီ.. အသက်အရွယ်ကိုလည်း မေ့ထားလို့မဖြစ်တော့ဘူး.. ငါတို့ရေနဂါးတွေ သာမန်လူတွေထက် အများကြီး အသက်ရှည်ပေမယ့် ကိုယ့်အချိန်ရောက်လာရင် ဘယ်သူမှ မငြင်းနိုင်ဘူး.."

"ဖခင်တစ်ယောက်လုံး သက်ရှိထင်ရှားရှိနေချိန် ကျွန်တော် နန်းမတက်ချင်ဘူး"

ဖူးစာယှဥ်Where stories live. Discover now