ကျေးဇူးတင်စကား

4.5K 482 39
                                    

စာဖတ်သူတွေကို ခဏပဲဖြစ်ဖြစ် စိတ်ချမ်းသာစေချင်တယ်ဆိုတဲ့ အတွေးနဲ့ ဒီဇာတ်လမ်းလေးကို စ ရေးဖြစ်ခဲ့ပါတယ်။ အာဏာရူးတွေ အာဏာသိမ်းပြီး ကိုဗစ်တတိယလှိုင်းနဲ့ စိတ်ကျဥ်းကျပ်နေချိန်မှာ နည်းနည်းလေးပဲဖြစ်ဖြစ် အထောက်အကူဖြစ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်က ဒီဇာတ်လမ်းရေးဖြစ်ခဲ့တဲ့ အဓိက တွန်းအားပါ။ ဒါပေမဲ့ ဆက်မရေးနိုင်ဘဲ အကြာကြီးရပ်သွားခဲ့တာ။

ဖူးစာယှဥ်နဲ့ ပတ်သက်ရင် စာဖတ်သူတွေကို အားနာပြီး တောင်းပန်ဖို့နဲ့ တောင်းပန်ရင်း အားနာဖို့ပဲ ရှိလိမ့်မယ်ထင်ပါတယ်။ နောက် ဒီလိုမျိုး မဖြစ်ရအောင် ကြိုးစားပါ့မယ်နော်။ ဒါပေမဲ့ ဒီကိုပြန်လာဖို့ မမွန် အချိန်ယူရဦးမယ်ထင်ပါတယ်။ နွေဦးတော်လှန်ရေး ဝတ္ထုတိုလေးတွေ အပတ်စဥ်ရေးနိုင်ဖို့ ကြိုးစားနေပါတယ်။ နောက်ထပ်ဇာတ်လမ်းတွေ ရေးနိုင်ဖို့တော့ လောလောဆယ်မှာတော့ မဖြစ်နိုင်သေးတာမို့ ချစ်ရတဲ့ စာဖတ်ပရိသတ်ကို ခဏနှုတ်ဆက်ခွင့်ပြုပါ။

Extra လေးတွေ ဖတ်ချင်မယ်ဆိုတာ နားလည်ပါတယ်.. မမွန်လည်း ဖြစ်နိုင်မယ်ဆိုရင် အများကြီး ရေးချင်ပါတယ်။ လောလောဆယ်ချက်ချင်းကြီး မဖြစ်နိုင်သေးတာကိုတော့ ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါလို့ တောင်းပန်ပါတယ်နော်။ ဒီလထဲမှာ ဒါလေးပြီးသွားဖို့ မမွန် အများကြီး ကြိုးစားခဲ့ပါတယ်။ စောင့်ပေးနေတဲ့ စာဖတ်သူတွေ၊ ဖတ်ချင်တယ်ဆိုတဲ့ ကွန်မန့်လေးတွေကြောင့် ငါ မပြီးပြီးအောင် ရေး နိုင်ရမယ်လို့ အားတင်းနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ အားလုံးအတွက် ခက်ခဲနေမယ်။ ဘယ်အရာကမှ အရင်ကလို မဟုတ်နိုင်တော့ဘူးဆိုတာလည်း နားလည်ပါတယ်။ ခဏပဲဖြစ်ဖြစ် စိတ်အပန်းပြေစေမယ်ဆိုရင် ဖူးစာယှဥ်လေးကို ရေးဖြစ်ခဲ့လို့ ဝမ်းသာရတယ်။

အားလုံးဘေးကင်းကျန်းမာပါစေ။ အခက်အခဲမှန်သမျှ ကျော်လွှားအောင်မြင်နိုင်ပါစေ။

မမွန်

24/ 09/ 2022

ဖူးစာယှဥ်Where stories live. Discover now