အပိုင်း ၁၃

5.9K 753 137
                                    

ညအချိန်သည် တိတ်ဆိတ်မှုအပေါင်းနှင့် သာယာနေချင့်စဖွယ်။ လင်းလက်နေသော ကြယ်လေးများကြောင့် ကောင်းကင်ယံသည် မှောင်အတိမဟုတ်။ စိန်ပွင့်ငယ်များခင်းထားသော ပြာနုနုပိုးသားထည်တစ်ခုလို လှချင်တိုင်းလှ၍နေသည်။ တောင်စောင်းတောင်ကုန်းများက မျဥ်းကြောင်းနက်များသဖွယ် ညနက်နက်တွင် အရိပ်ထင်သည်။ တောနက်နက်နှင့် လိုက်ဖက်ညီသည့် သစ်ပင်မြင့်ကြီးများကြား အစာရှာထွက်သော လင်းနို့ငှက်များကို မြင်လိုက်ရသည်။

ရာဇာသည် ဒီနေရာ၊ ဒီဒေသကို တစ်လခြားတစ်ခါ မကြာခဏ ရောက်ဖူးခဲ့ပြီဖြစ်သော်လည်း ရောက်လာချိန်တိုင်း အသစ်တဖန် ပြန်မြင်ရသလိုပင်။ သူ တည်းခိုသည့် သစ်လုံးအိမ်ငယ်သည် ဖုန်များ၊ သဲများနှင့်မဟုတ်တော့။ သပ်ရပ်သော ကုတင်ငယ်နှင့် ခြုံစောင်သစ်များ၊ စားပွဲ ထိုင်ခုံနှင့် နေချင့်စဖွယ် ပြင်ဆင်ပေးထားသည်။

"ရာဇာ.."

သစ်ပင်အောက်မှခေါ်သံသည် မည်သူလဲဟု မေးခွန်းထုတ်စရာမလို။ များသောအားဖြင့် မင်းနောင် သူ့ကိုခေါ်ရသည့် အကြောင်းအရာသည် စားသောက်ရန်နှင့် လည်ပတ်ရန် နှစ်ခုထဲမှ တစ်ခုခုသာ ဖြစ်ရမည်။ သို့သော် မထင်မှတ်ထားဘဲ ယခုအခေါက်သည် ထူးခြားနေပြီ။

"ငါ တက်ခဲ့လို့ရလား"

ရာဇာသည် ပြတင်းပေါက်ပေါ် လက်ထောက်မှီကာ ရပ်နေခြင်းဖြစ်သည်။ တက်ခဲ့ရမလားဆိုသည့် မေးခွန်း မဆုံးသေးခင်မှာပင် မျက်နှာချင်းဆိုင်သို့ ရောက်နေပြီ။ ရာဇာ ခေါင်းနောက်ယိမ်းကာ မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားမှမဆို။ အိမ်ရှင်ကို ဧည့်သည်က မောင်းထုတ်၍မသင့်တာကိုတော့ သူ နားလည်သည်။

မင်းနောင်၏ မညီမညာ ဆံစအချို့ ပခုံးထက်တွင် တပိုင်းတစ တင်နေသည်။ လည်ပင်းနားတွင် ဆွဲထားသော ဆင်ရိုးလည်စွဲသည် လွတ်လပ်သော အရိုင်းသဏ္ဌာန်နှင့် လိုက်ဖက်ညီသည်။ နှာတံစင်းစင်းအောက်မှ အသားနုရောင် နှုတ်ခမ်းလှများက ပြုံးနေသည်။

"ဒီမှာကြည့်.."

လက်ထဲမှ မြေအိုးနှစ်လုံးကို မြှောက်ပြသည်။ ချက်ချင်းလိုပင် ပြတင်းပေါက်မှ ခွကျော်ကာ ခုန်ဝင်လိုက်သောကြောင့် လူချင်းတိုက်မိတော့မလိုဖြစ်သွားသည်။ ဘောင်ခတ်သွားသော မြေအိုးများထဲမှ ချိုဖန့်ဖန့်အသီးနံ့နှင့် ပြင်းရှရှ အရက်နံ့ကို ရလိုက်သည်။

ဖူးစာယှဥ်Where stories live. Discover now