အပိုင်း ၂၀

5.4K 749 85
                                    

ရေနဂါးတို့၏နန်းတော်ကြီးသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့ပြီးဖြစ်သည်။ တစ်ခေါက်ရောက်လျှင်လည်း ရက်ပေါင်းအတော်ကြာ နေထိုင်ဖြစ်ခဲ့သည်။ မည်သည့်အချိန်ကမှ နှစ်ခြိုက်ခြင်း မရှိခဲ့။ အဖိုးတန်ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြား၊ ကျောက်စိမ်း၊ နီလာ များနှင့် အရာရာကိုတန်ဆာဆင်ထားသော်လည်း နွေးထွေးမှုမရှိ။ အေးစက်ကာ အသက်မဲ့သည်ဟုသာ အမြဲယူဆခဲ့သည်။ ယနေ့မှာတော့ အသက်မဲ့ရုံမက အင်မတန်စက်ဆုပ်ဖွယ်ကောင်းသော နေရာတစ်ခုဟုပင် မင်းနောင် ခံစားရသည်။

"မင်းရာဇာ ဘယ်မှာလဲ"

အစောင့်တပ်သားသည် မာထန်လွန်းသည့် အမေးကြောင့် ဝေခွဲမရဟန်။ အရိုအသေပြုရင်း နှုတ်ခွန်းဆက်စကားကို မပီမပြင်ဆိုသည်။

"မင်းတို့ နဂါးမင်းသား ဘယ်မှာလဲ.. ငါ အခုတွေ့ချင်တယ်"

"တရားရေးခန်းထဲမှာ အရှင်နတ်မင်း.."

"ဘယ်အခန်းလဲ.."

အစောင့်တပ်သားသည် အဖော်ဖြစ်သူကို အကူအညီတောင်းသလို လှမ်းကြည့်သည်။ သို့သော် မည်သူမှ ဝင်မပါရဲကြ။

"အရှင့်သား အခုချိန် မအားသေးလို့..."

"မင်းလိုက်ပို့မှာလား.. ငါ မင်းကို တရွတ်တိုက်ဆွဲသွားရမလား"

မင်းနောင်၏ အမူအရာကိုကြည့်ပြီး အစောင့်စစ်သားသည် ကြောက်ရွံ့စွာနောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ မည်သူမှ မထင်မှတ်ထားသည့် နဂါးမင်းသားနှင့် နတ်သားငယ်တို့၏ သတင်းသည် ရဲတိုက်တစ်ခုလုံးတွင် ပြန့်နှံ့၍နေပြီ။ တအံ့တသြဖြစ်ကြသူများရှိသလို အခုအချိန်ထိ မယုံနိုင်သေးသူလည်း များပြားသည်။ ဝမ်းသာအားရဖြစ်သူကတော့ မရှိသလောက်ပင်။

နတ်များကို မိမိတို့ထက် အဆင့်နိမ့်သည်ဟု သတ်မှတ်ထားပြီး ရန်သူအဖြစ် သဘောထားကြသောကြောင့် ရေနဂါးမင်းသားငယ်၏ ဖူးစာရှင်ကို အပျော်အပါးမက်ကာ မည်သည့်အရာကိုမှ အလေးအနက်မထားသည့် နတ်မင်းတစ်ပါး မဖြစ်စေချင်။ သို့ရာတွင် ရေနဂါးမင်းကြီးနှင့် မင်းရာဇာ၏ အရှိန်အဝါကြောင့် မည်သူမှ ပေါ်တင် မဆန့်ကျင်ရဲကြ။ ယခု အစောင့်တပ်သားသည်လည်း ရာဇာ၏အိမ်ထောင်ဖက်ဖြစ်လာမည့် မင်းနောင် ကို ဒေါသဖြစ်အောင် မလုပ်ချင်။ သို့သော် တရားရေးခန်းတွင် ရာဇာ ရှိနေချိန်တွင် မည်သူမျှ နှောင့်ယှက်၍မရသောကြောင့် ဘာလုပ်ရမည်မသိဘဲ အခက်တွေ့နေသည်။

ဖူးစာယှဥ်Tempat cerita menjadi hidup. Temukan sekarang