အပိုင်း ၁၉

385 53 1
                                    

အမှောင်ထုကြီးစိုးနေသော ကန်ရေပြင်ထက်မှာ လှေငယ်တစ်စီး ရွေ့လျားနေသည်။ မည်းမည်းမှောင်နေသော ပတ်ဝန်းကျင်ကြောင့် လှေပေါ်မှ လူရိပ်နှစ်ခုကို အနီးကပ်ကြည့်မှသာ ဝိုးတဝါး မြင်နိုင်လိမ့်မည်။ ကန်ရေပြင်ထဲ လျှင်မြန်စွာ ရွေ့လျားနေရာမှ မြက်ပင်ရှည်များ မှော်ဒိုက်များ လွှမ်းသောတစ်နေရာတွင် ပျောက်ကွယ်သွားသည်။ လှေပေါ်မှလူရိပ်များ၏ အသက်ရှူသံနှင့် တီးတိုးစကားသံတို့ကို ပတ်ဝန်းကျင်မှ တောကောင်ငယ်များ၊ ပိုးကောင်အော်မြည်သံများက ဖုံးလွှမ်းထားသည်။

"နင် မြင်လား.. အခုဘာတွေဖြစ်ကုန်ပြီလဲ"

မာထန်သော ဒေါသသံသည် ထိန်းချုပ်ထားသည့်ကြားမှ ပေါက်ကွဲထွက်လာသသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူသည် မော့မကြည့်ရဲသလို ခေါင်းငုံ့ထားသည်။

"ကျွန်.. ကျွန်တော်မျိုးလည်း မထင်ထားဘူး"

"တိတ်စမ်း.. နင် အသုံးမကျတာ"

ဘေးဘီဝဲယာကို လှည့်ကြည့်သည်။ မည်သူတစ်ဦးတစ်ယောက်မှ မရှိမှန်းသေချာသည့်တိုင် စိတ်မချနိုင်စွာ နားစွင့်ငြိမ်သက်နေသည်။ ထို့နောက်တွင်မှ ပြောလက်စ စကားကို ရှေ့ဆက်သည်။

"နင့်အကြံတွေ နားယောင်မိတာ ငါ မှားတာပဲ.. နင်ပြောတော့ ဒီအစီအစဉ်တိုင်းသွားရင် နှစ်ယောက်စလုံး ငါတို့ကြိုးဆွဲရာ က, ရမယ်ဆို.. အခု ဘယ်လိုတွေဖြစ်လာလဲ.. နင်မြင်လား"

"အေးဗျာ.. သူတို့နှစ်ယောက် ဒီအခြေအနေထိ ဖြစ်လာလိမ့်မယ်လို့ ကျုပ်လည်း ဘယ်လိုမှ မထင်ထားမိဘူးဗျာ.. ဘယ်ကနေဘယ်လို"

ခေါင်းပြောင်ပြောင်ကို ခပ်သာသာပွတ်သပ်ရင်း ဖြေကြားသူ၏ အသံသည် တိုးဝင်သွားသည်။ စိတ်မသက်မသာနှင့် ရှေ့မှာကြည့်နေသူကို မရဲတရဲ မော့ကြည့်သည်။

"ကျုပ်တို့ဆီ ရောက်နေချိန်တိုင်း သူတို့နှစ်ယောက်ကို ကျုပ် မျက်ခြေမပြတ်ပါဘူးဗျာ.. ရာဇာက မင်းနောင်လိုကောင်ကို ဘာများသဘောကျသွားလဲ မသိဘူး.."

"နင်ပြောတော့ ဟိုကောင်နဲ့ဆို.."

"ကျုပ်လည်း အဲ့လိုထင်လို့ သိပ်စိတ်မပူမိတာဗျ.. ကျုပ်ကိုယ်တိုင် လွှတ်ထားတဲ့သူ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ..... အခုကိစ္စမှာ.."

ဖူးစာယှဥ်Where stories live. Discover now