Zawgyi Ver
ပုဂ္ဂလိကဆေးရုံဝင်းကြီးအတွင်းသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီးက တဝှီဝှီမြည်သံပေးရင်းနဲ့ ဝင်လာတယ်။
လူနာတင်ယာဉ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးရုံဝန်ထမ်းတွေနဲ့ နပ်စ်တို့က ပြေးပြေးလွှားလွှားရောက်ရှိလာကြပြီး လူနာကို အရေးပေါ်ခွဲခန်းသို့ ပို့ဆောင်လိုက်ကြသည်။ခွဲခန်းဝတ်စုံကို အပြည့်ဝတ်ဆင်ထားတဲ့ ဆရာဝန်တစ်ဦး...သူကတော့ အများတကာနဲ့ ယှဉ်လိုက်ရင်တောင် ရှည်ထွက်နေတဲ့အရပ်ကြီးကြောင့် ထင်ပေါ်လွန်းနေတယ်။ ထိုအရပ်ရှည်ရှည် ဆရာဝန်နဲ့ လက်ထောက်ဆရာဝန်တစ်ချို့က မကြာခင်မှာပဲ ရောက်ရှိလာကြတယ်။
"အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်ကဲ့ ဆရာ အားလုံးအသင့်ဖြစ်ပါပြီ"
ဆရာဝန်တွေ ဝင်သွားပြီးတဲ့နောက် မကြာခင်မှာပဲ အသက်ခပ်ကြီးကြီး ဆရာဝန်ကြီးတစ်ဦးက ခွဲခန်းဝတ်စုံ ဝတ်လက်စ တပိုင်းတစနဲ့ ခွဲခန်းရဲ့အရှေ့ကို ပြေးပြေးလွှားလွှားရောက်ရှိလာတယ်။
ထိုလူကတော့ ဒီဆေးရုံကြီးရဲ့ ဆေးရုံအုပ်ပင်ဖြစ်သည်။
ခွဲခန်းအပေါက်ကနေ စောင့်နေတဲ့ နပ်စ်ကို ဆေးရုံအုပ်က ပျာပျာသလဲမေးလိုက်တယ်။"ဆာဂျင်တွေ ဝင်သွားကြပြီလား"
"ဟုတ်ကဲ့ ဆရာ"
"ဘယ်သူ ဦးဆောင်တာလဲ"
"ဒေါက်တာထက်ရှိန် ပါဆရာ"
ဆေးရုံအုပ်ကြီး ဝင်သွားတော့ ခွဲစိတ်မှုပြုလုပ်ဖို့ စတင်နေကြပြီ ဖြစ်ပြီး ဆေးရုံအုပ်ကြီးဝင်လာတာကြောင့် အားလုံးက ပျာပျာသလဲဖြစ်ကုန်ကြတယ်။
ပုံမှန်ဆိုရင် ဆေးရုံအုပ်ကြီးက ရိုးရိုးလူနာတွေကို လာရောက်ကြည့်ရှုတာ ခွဲစိတ်မှုပြုလုပ်တာက ရှားပါးသည်။
ဒါ့ကြောင့် ဒီလူနာက သာမန်ရိုးရိုးအတန်းအစားထဲက လူနာ မဟုတ်မှန်းတန်းသိနိုင်ပြီး ချက်ချင်းပဲ ရိပ်စားမိလေသည်။"လူနာက ဘာဖြစ်တာလဲ "
"အစာအိမ် သွေးကြောပေါက်တာ ဖြစ်ဖို့များတယ် ဆရာ"
သူဝင်လာတာကို အားလုံးကမောက်ကမ ဖြစ်သွားတဲ့အခြေအနေကြောင့် ဆေးရုံအုပ်ကြီးက
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...