Part 34

1K 38 13
                                    

Zawgyi Ver

"Ring"

ဝန်းရံခ ရေချိုးခန်းထဲက ပြန်ထွက်အလာ ဖုန်းဝင်လာသည်မို့ ကိုင်လိုက်သည်။

"ဟုတ်ကဲ့ မေမေ"

"ဝန်းဝန်း...အခုထိ အိမ်ပြန် မနေသေးဘူးလား
သူများအိမ်မှာ အကြာကြီး ဘယ်အချိန်ထိနေဖို့ စိတ်ကူးနေတာလဲ"

"ပြန်တာတော့ ပြန်မှာပါ အမေရဲ့
ဟိုတစ်ယောက်က အဲ့အိမ်မှာ နေနေတုန်းပဲလေ"

"မနေ့က မင်းရဲ့ကြီးမေဆီက ဖုန်းလာတယ် ရေချိုးခန်းထဲ ချော်လဲလို့တဲ့ ခါးနာသွားတယ်ပြောတယ်
မင်းကို ဖုန်းမဆက်ဘူးလား"

"ဗျာ!!! ကြီးမေ ချော်လဲလို့....
ဟုတ်ပါ့မလား အမေရယ်
အရင်ပတ်က,လေးတင် ဝလ္လာတို့အိမ်အထိ လိုက်လာနေတာ
သား အိမ်ပြန်မလာလို့ ခွင်ဆင်နေတာ နေမှာ
ဖုန်းဆက်လည်း သားက မကိုင်ပါဘူး"

ကြီးမေတစ်ယောက် ရုပ်ရှင်ထဲက အကွက်တွေ လုပ်နေတာလား.....

"လူကြီးက နောက်နေတာဖြစ်ပါ့မလား ဘာပဲဖြစ်ဖြစ် အိမ်ပြန်ကြည့်လိုက်ဦး"

"ဟုတ်ကဲ့ပါ..."

ဝန်းရံခ စိတ်မသက်မသာစွာနဲ့ အိမ်ကိုပြန်လာရသည်။ အိမ်ခြံထဲ ကားရပ်,ရပ်ချင်း ဦးသိန်းအောင်ကို မယုံသင်္ကာလှမ်းမေးမိသေးသည်။

"ဦးလေးသိန်းအောင်
ကြီးမေက ချော်လဲတာဆို"

"ဟုတ်တယ်...တမြန်နေ့ ညနေကလေ"

ကားခါးပတ်ကို ဖြုတ်ရင်း မကျေမနပ်နှုတ်သီးက စူထားမိသေးသည်။

"ညာမပြောနဲ့နော်"

"ညာမပြောရပါဘူး ငါ့တူရယ်
အခန်းထဲမှာ သွားဝင်ကြည့်ချေ"

တဖြည်းဖြည်းနဲ့တော့ စိတ်ထဲပူပင်လာမိသည်။လွန်ခဲ့တဲ့ နှစ်ရက်က ကြီးမေထံမှ ဖုန်းတွေအများကြီးခေါ်ထားပေမယ့် တမင်တကာမကိုင်ဘဲ ပစ်ထားခဲ့သည်။

ကြီးမေရဲ့ အခန်းဝနား ရောက်ခါနီးမှာ နာကျင်ညည်းတွားသံတစ်ချို့ကို သူ ကြားလိုက်ရသည်။

"အမလေး....အမေတို့..အမေတို့...နာလိုက်တာတော့်..."

အခန်းထဲဝင်လိုက်သည်နှင့် မြင်ကွင်းက စိတ်မကောင်းစရာ။
ကြီးမေက ခါးကိုထိခိုက်မိထားပြီး အိပ်ရာကပင် မထနိုင်ရှာ။

Smile AgainWhere stories live. Discover now