Zawgyi Ver
အိမ်အောက်ထပ်ဆီက တစ်ချက်တစ်ချက် စူးစူးဝါးဝါးကြားနေရတဲ့ ကလေးအော်သံကြောင့် အောက်ထပ်ကို ဆင်းဖို့ပြင်နေတဲ့ ဝန်းရံခရဲ့ခြေထောက်တွေဟာ လှေကားထိပ်မှာ တန့်ပြီး ခေတ္တမျှနားစွင့်လိုက်သည်။
အောချစ်တို့ ရောက်နေကြတာလား မဟုတ်ပါဘူး။
ဝန်းရံခ တစ်ယောက်တည်း အတွေးနဲ့ပဲ ဗျာများနေမိသည်။
လှေကားရဲ့အဆုံး ကြမ်းခင်းပေါ် ခြေချမိကာရှိသေး တစ်စုံတစ်ခုက သူ့ကို ဝင်တိုက်လို့သွားသည်။
သူ့ကို ဝင်တိုက်သွားသည့်အရာက ဘာမှန်းတောင် သေချာမသိလိုက်ရသေးခင်မှာပဲ ထိုအရိပ်ပေါက်စက လှေကားတွေရဲ့အပေါ်သို့ ပြေးတက်သွားသည်။"လာပြန်ပြီ ဟိုကလေးစုတ်
အခုချက်ချင်း ဆင်းလာခဲ့
လူတွေကို မြင်ရင် ဝင်တိုက်ဖို့ပဲ မင်းရဲ့အဖေက သင်ပေးထားတာလား
ဘယ်မှာလဲ မင်းအဖေ"ဝန်းရံခ ဒေါကြီးမောကြီးနဲ့ ဧည့်ခန်းဘက်သို့ ထွက်လာခဲ့သည်။
ကြီးမေနဲ့ထက်ရှိန်တို့က သူ ဝင်လာတာ မြင်တာနဲ့ စကားပြောနေကြရာက မော့ကြည့်လာကြသည်။"ထက်ရှိန် မင်းရဲ့သားကို ခေါ်လာပြီးရင် ကြည့်ထိန်း
လူ မြင်တာနဲ့ ဝင်တိုက်ဖို့ပဲ သိတာလား
နောက်တစ်ခါ ငါ့ကို ဝင်တိုက်မိရင် ငါ့ကိုအဆိုးမဆိုနဲ့ ငါက မင်းရဲ့သားကို ရိုက်ပစ်မှာ""ဝန်းဝန်း!!"
ကြီးမေက သူ့ကိုလှမ်းတားပေမယ့် သူကတော့ တစ်ပြားမှမလျှော့နိုင်သည့် မျက်နှာပေးဖြင့် လက်ပိုက်ပြီး ခေါင်းမော့ကာ မျက်နှာလွှဲထားလိုက်သည်။
ထက်ရှိန်က သူ့ကိုလှမ်းကြည့်နေပြီး မျက်နှာကတော့ အနည်းငယ်ပျက်သွားဟန် ရှိသည်။ ချက်ချင်းပဲ ပြန်ပြင်လိုက်ပြီး ကြီးမေကို ခေါင်းငြိမ့်ပြကာ ဧည့်ခန်းကနေ အိမ်အပေါ်ထပ် သူ့သားတက်သွားတဲ့ နေရာကို လိုက်သွားသည်။
ထက်ရှိန်ရဲ့ကျောပြင်ကို ကြည့်ရင်း ဝန်းရံခ ရင်ထဲမှာ အောင့်သက်သက်ခံစားချက်ကလေး ဖြတ်ပြေးသွားပေမယ့် မထီသလို နှုတ်ခမ်းကိုသာတွန့်လိုက်မိသည်။"ဝန်းဝန်း...လာဦး"
ကြီးမေက သူ့ရဲ့ဘေးနား လာထိုင်ဖို့ပြောတော့ ဝန်းရံခ ဝင်ထိုင်လိုက်သည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...