Zawgyi Ver
ကျောင်းမုန့်ဈေးတန်းထဲမှာတော့ ကျောင်းသားတွေဟာ မုန့်တွေနဲ့ကစားစရာတွေကို အလကားဝေနေသည့်အတိုင်း သူ့ထက်ငါ အလုအယက်ဝယ်ယူနေကြသည်။
အကင်ဆိုင်က အကင်ရနံ့မွှေးမွှေးလေးတွေက ဆွဲဆောင်မှုအပြည့်နဲ့မို့ ဈေးတန်းထဲလျှောက်လိုက်တာနဲ့
ကျောင်းသားတို့ရဲ့စားချင်စိတ်တွေကို တဖွားဖွားဖြစ်ပေါ်နေစေသည်။
ရွေးချယ်စရာများစွာသော ငုံးဥ၊ရုံးပတီသီး၊အသားတု၊ကြက်ခြေထောက်၊ကြက်တောင်ပံ၊ ဖင်ဆီဖူး၊ကြက်အူကင်ကြွပ်ကြွပ်မွှေးမွှေး
ဝန်းရံခ မကြိုက်သည့်အရာ ဘာမှမရှိ စိတ်ကြိုက်အကုန်သာစားပစ်လိုက်ချင်သည်။
အကင်ထုပ်ကလေးကိုမြှောက်ကာ အနံ့ခံရင်း မုန့်ခြောက်တွေရောင်းသည့် ဆိုင်ထဲသို့ ဝင်လိုက်သည်။
ထိုဆိုင်မှာ ကျောင်းသားတွေ တိုးဝှေ့နေကြပြီး
ပိုက်ဆံမရှင်းဘဲ မုန့်ထုတ်တွေယူသွားသည့် ကျောင်းသားတွေလည်း ရှိသည်မို့ ဆိုင်ရှင်အဒေါ်ကြီးက ကျောင်းသားတစ်ချို့ကို အော်ဟစ်ငေါက်ငမ်းလို့နေသည်။
အဒေါ်ကြီးက သူ့ဆိုင်ကနေ ချောကလက်ချောင်းတွေ ဝယ်နေကျ ဝန်းရံခကိုမြင်တော့"ငါ့သား ချောကလက်ချောင်းလေးတွေ ရောက်ပြီလေ
မင်း မဝယ်တာကြာပြီနော်""တော်ပါပြီ အဒေါ်ကြီးရယ် ချောကလက်ချောင်းက ဝယ်စရာမလိုတော့ဘူး"
ဝန်းရံခက အချဉ်ပေါင်းယိုစုံအထုပ်နဲ့ အာလူးကြော်ထုပ်ကို ယူကာ ပိုက်ဆံရှင်းပြီးထွက်လာခဲ့သည်။
မုန့်ဈေးတန်းအပေါက်ဝ မယ်ဇလီအပင်ကြီးအောက် ရောက်တော့မှ တစ်ဖန် ပြန်လှည့်ပြီး မုန့်ဈေးတန်းကို ဦးတည်လိုက်ပြန်သည်။
ခဏနေတော့ ဈေးထဲက ပြန်ထွက်လာပြီး လက်ထဲက တစ်ခုခုကို ဆုပ်ချည်ဖြန့်ချည်လုပ်ကာ ခဏခဏ ကြည့်နေမိသည်။သူ ဘယ်တော့မှ ထပ်မဝယ်ဖို့ ဆုံးဖြတ်ထားတဲ့ ချောကလက်ချောင်းကိုမှ ထပ်ဝယ်သွားမိပြန်ပြီ။
မုန့်ဈေးကအပြန် ကိုးတန်းနဲ့ဆယ်တန်း စာသင်ဆောင်ရဲ့ ကျောဖက်မှာ ကျောင်းသားတစ်ချို့စုရုံးစုရုံးဖြစ်နေကြသည်။ စာသင်ဆောင်က မြောက်ဘက် မျက်နှာစာဖြစ်ပြီး ကျောဖက်မှာက ကျောင်းဝင်းအုတ်နံရံနဲ့ သစ်ပင်အကြီးကြီးတွေသာ ရှိပြီး လူလည်းပြတ်လပ်သည်။ အဲ့ဖက်မှာ အများအားဖြင့် အတွဲတွေချိန်းတွေ့လေ့ရှိကြသည်။
ဝန်းရံခ ထိုသူတွေကို ကျော်ပြီးအတန်းထဲကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်လာခဲ့သည်။
အတန်းထဲရောက်ပြန်တော့လည်း အတန်းထဲကသူတွေက ပြတင်းပေါက်တွေကနေတဆင့် ခေါင်းတွေပြူပြီး စာသင်ဆောင်ရဲ့ကျောဖက်ကို လှမ်းငေးနေကြသည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...