Zawgyi Ver
ခပ်လှမ်းလှမ်းမှာ မြင်နေရသည့် ထက်ရှိန်ကို ခပ်စူးစူးစိုက်ကြည့်ရင်း အင်္ကျီလက်တွေကို ဟန်ပါပါဖြင့် ခေါက်တင်လိုက်သည်။
ခြေတစ်လှမ်းရှေ့တိုးလာတိုင်းမှာ ဒေါသလှိုင်းလုံးတို့က ဆထက်တပိုး တိုးလို့နေသည်။ကားတံခါးကို ကျောမှီထားသည့် ဒီကောင်၏အင်္ကျီစကို ဆောင့်ဆွဲကာ ညာသံမပေးဘဲ အားရပါးရ စိတ်ကြိုက်ထိုးကြိတ်နေမိသည်။
ထက်ရှိန် ဘာမှတော့ ပြန်မလုပ်မိပေမယ့် ကြောင်အ,သွားရသည်မှာ အမှန်ပင်။ဝလ္လာ့ရဲ့ဒေါသတကြီး ထိုးကြိတ်နေသည့် ပုံစံမှာ ဝန်းရံခ မမြင်ဖူးသည့်ပုံစံပင်။
တကယ်ကို ဒေါသတွေထွက်နေပြီး မျက်နှာတွေလည်း ရဲနေသည်။
တစ်ဖက်က ထက်ရှိန်ရဲ့နှုတ်ခမ်းမှာလည်း သွေးစတို့ဖြင့် ပေကျံလို့နေသည်။နောက်တစ်ချက် ထပ်ထိုးဖို့ပြင်နေသည့် ဝလ္လာ့ရဲ့လက်ကို အနောက်ကနေ သိမ်းကျုံးဖက်ထားရင်း ဝန်းရံခ လှမ်းဆွဲလိုက်သည်။
"တော်ပြီ ဝလ္လာ....တော်ပြီ
ထားလိုက်တော့...."ဝလ္လာက လက်ကိုဆွဲခါလိုက်ရင်း ကားရှိရာဘက်သို့ ထွက်သွားသည်။
ဝလ္လာ့ရဲ့အနောက်သို့ ပြေးမလိုက်ခင် ထက်ရှိန်ရှိရာဘက်သို့ တစ်ချက်တော့ ကြည့်ဖြစ်အောင် ကြည့်လိုက်မိသေးသည်။
မျက်နှာမှာ အနည်းငယ်တွန့်ရှုံ့နေပြီး နာကျင်နေသည့်ဟန် သူရှိရာငေးကြည့်နေသည်။ထူပူနေသည့် ပါးတစ်ဖက်ကို လက်ဖြင့်ကိုင်ရင်း နှာခေါင်းက စီးကျလာသည့် သွေးစတို့ကို သုတ်လိုက်သည်။
ဆိုင်းမဆင့် ဗုံမဆင့်ဖြင့် အတီးခံလိုက်ရသည့် အဖြစ်...။"ဟယ်...မောင်ထက်ရှိန် ဘာဖြစ်ရတာလဲ
မင်းကို ဘယ်သူက ဒီလိုဖြစ်အောင် လုပ်ရတာလဲ""ဘာမှမဖြစ်ပါဘူး ကြီးမေရဲ့
ကျွန်တော်တို့ပြန်ကြစို့"ကြီးမေက သူ့ကို စိုးရိမ်တကြီးဖြစ်နေတာမို့ ဝန်းတို့ကို မမြင်သေးခင် အမြန်ပြန်ဖို့လုပ်လိုက်သည်။
ဒီနေ့ ကြီးမေက ဈေးဝယ်ချင်တယ်ဆိုလို့ အပြင်ကိုလိုက်ပို့ရာက တိုက်တိုက်ဆိုင်ဆိုင် ဝန်းတို့နှင့် ဆုံလိုက်မိသည်။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...