Part 24

783 40 5
                                    

Zawgyi Ver

ပူပြင်းပြီး ခြောက်သွေ့လွန်းတဲ့ လည်ချောင်းဆီက ကွဲအက်အက်ခံစားချက်နဲ့ပြင်းထန်လွန်းတဲ့နာကျင်မှု။
ရေဆာလိုက်တာ။ရေဆာတယ်။
ဘယ်အရာကိုပဲ ကြည့်လိုက်ကြည့်လိုက် မူးနောက်နောက်ခံစားချက်နဲ့ ပြာဝေကာ မှောင်းမည်းနေပြီး ဘာကိုမှမမြင်နိုင်တော့။
ဒါက သူ့ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ပဲဖြစ်နေမလား။
ထိုအကြောင်းကိုတွေးမိတာနဲ့ မြင်ယောင်လာမိတဲ့ မေမေ့ရဲ့မျက်နှာကြောင့် စီးကျလာတဲ့မျက်ရည်စတို့ဟာ နောင်တတွေ တပွေ့တပိုက်နဲ့။
နောက်ဆုံးချိန်ဖြစ်နေခဲ့မယ်ဆိုရင် မေမေ့ကို တောင်းပန်ခွင့်တော့ရချင်မိသေးသည်။
သူရော သူ့ကိုရော မြင်ခွင့်ရပါဦးမလား။

"ကိုသက်လွင် ကိုသက်လွင်"

လူနာတင်ယာဉ်ကုတင်ပေါ်က ကယောင်ကတမ်းနဲ့ လှုပ်လှုပ်ရွရွဖြစ်လာတဲ့သူ့ဆီကို သက်လွင်က အပြေးအလွှားရောက်လာသည်။

"မလှုပ်နဲ့ မလှုပ်နဲ့ ဝန်းရံခ
စိတ်အေးအေးထား
ပြောစရာရှိတာပြော
အကုန်အဆင်ပြေသွားမှာ
ဘာမှမဖြစ်ဘူး စိတ်အေးအေးထား"

ခေါင်းထောင်ကာ နားစွင့်နေရာက ခေါင်းပြန်ချကာ စိတ်လျှော့လိုက်ပုံရသော တစ်စက်တစ်စက်ကျဆင်းလာသောမျက်ရည်စတွေဖြင့် ရစ်သီနေသည့် ဝန်းရံခကို ကြည့်ပြီး သက်လွင်မှာ အံတကြိတ်ကြိတ်နဲ့ စိတ်မကောင်းဖြစ်ရသည်။

ကံဆိုးလိုက်တဲ့ ငါ့ကောင်ကွာ။

ခြောက်ကပ်ကပ်လည်ချောင်းကို မရှိမဲ့ရှိမဲ့ တံတွေးတို့ကို ခြစ်ချုပ်မျိုချရင်း တိုးရှရှလေသံဖြင့် အနည်းငယ်အားယူကာပြောနေမိသည်။

"ကျွန်တော် ဉာဏ့်ကို တွေ့ချင်သေးတယ်"

"အင်းပါကွ တွေ့ရမှာ
အခုသွားနေတာ သူတို့ကျောင်းဘေးက ဆေးရုံကြီးကိုလေ
နီးနီးလေးပဲ ခဏပဲ စိတ်အေးအေးထား"

"ပူလိုက်တာ ရေ..ရေ ကျွန်တော့်ကို ရေတိုက်ပါ"

"ရေသောက်လို့မရသေးဘူးကွ ငါ့ကောင်ရ ခဏတော့သည်းခံလိုက်ဦး
စကားတွေလည်း မပြောနဲ့အတတ်နိုင်ဆုံး စိတ်အေးအေးထားပြီး ငြိမ်ငြိမ်ပဲနေ ဒါမှ အဆိပ်ပျံ့နှံ့မှုနှေးမှာ"

Smile AgainWhere stories live. Discover now