Part 38

980 37 3
                                    

Zawgyi Ver

"ပြန်လာပြီလား"

မယုံနိုင်စွာငေးမောနေသည့် သူ့ကို အသိစိတ်ဝင်လာစေခဲ့သည့် ချိုမြမြအသံကလေး။
ရင်ခွင်ထဲမှာ ထွေးပွေ့ထားသည့် သားငယ်ကိုမြင်တော့ ဝန်းက သိသိသာသာကလေး မျက်နှာပျက်သွားပေမယ့် မသိသလိုလေး ဟန်ဆောင်နေခဲ့သည်။

"ဘာမှမစားခဲ့ရသေးဘူး မဟုတ်လား
ငါ ဒီမှာ ဟင်းတွေချက်ထားတယ်"

"အင်း မစားခဲ့ရဘူး"

ထက်ရှိန် အလျင်အမြန်ပင် ဝမ်းသာအားရဖြေမိသည်။
စားပြီးသွားခဲ့ရင်တောင် မင်းက ချက်ကျွေးတာမို့ ထပ်ပြီးတော့စားဦးမှာ။

နှစ်ယောက်သားရဲ့တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းကလေးက အရင်လိုတော့ အေးစက်မနေခဲ့ပါ။
အကြင်နာရိပ်တို့ သန်းနေတဲ့ နှစ်ဦးသားရဲ့ ချိုမြမြအကြည့်ကလေးတွေက အသက်ဝင်စေခဲ့သည်။
ဝန်း ဖန်းတီးထားတဲ့ နွေးထွေးတဲ့ဟင်းချက်လက်ရာကလေးများက အကောင်းဆုံးတော့မဟုတ်ပေမယ့် သူ့ဘဝရဲ့အပျော်ဆုံး ထမင်းဝိုင်းလေးဖြစ်ခဲ့သည်။

"ဘယ်လိုလဲ စားလို့ကောင်းရဲ့လား"

ပါးစပ်မအားလို့ လက်မထောင်ပြလာသည့် သူက ပလုတ်ပလောင်းနဲ့။
ထက်ရှိန်က သူလိုတော့ မဟုတ်။မည်မျှလောက် ဗိုက်ဆာနေစေကာမူ အစားကို အငမ်းမရစားသည်ဟူ၍မရှိ။
အခုတော့ တစ်ယောက်ယောက်က လုစားတော့မည့်အတိုင်း အားရပါးရစားနေပြန်သည်။

တစ်ခါတစ်လေမှာ ငါ့နှလုံးသားရဲ့စေရာကိုလိုက်မယ်။
အဲ့ဒီအခါ  ငါ့အတွက်အရေးကြီးဆုံးနေရာမှာ မင်းက နေရာယူထားပြန်တယ်။
နာကျင်မှုတွေနဲ့ တဖန်ခြောက်လှန့်လိုက်တဲ့အခါ လန့်ဖြန့်သွားတဲ့ ငါ့နှလုံးသားကလေး အသိဝင်လာမယ်။
အဲ့ဒီအခါ မင်းနဲ့အဝေးဆုံးကို ထွက်ပြေးမယ်။
အမှတ်မရှိဘူးလို့ပဲ ဆိုဆို တစ်ခါလောက် ကြိုးစားကြည့်ချင်သေးတယ်။
အဝေးပြေးထွက် မသွားချင်တော့လောက်အောင် မင်းက တစ်ဖန် ငါ့ကို ဖမ်းဆုပ်ထားပေးမလားဆိုတာ။

နေပျော်ပါပြီ.....။
ဘဝက အခုမှစတာ။
မင်းရှိတဲ့နေ့ရက်တွေက နွေဦးရဲ့နေရက်တွေလိုပဲ နွေးထွေးပြီး ကြည်နူးဖွယ်အတိပြီးတယ်။
ဝန်း....ဒီတစ်ခါ နောက်ဆုံးထွက်သက်အထိ မင်းရဲ့လက်ကိုပဲ ဆွဲထားတော့မှာ။
ဘာအကြောင်းနဲ့မှ အမှားယွင်းမခံနိုင်တော့ဘူး။
.
.
.
မျက်စိရှေ့မှာ ကားယားယားလုပ်လွန်းသည့် ဒီကလေးကို ဘယ်လိုပဲကြည့်ကြည့် မေတ္တာကိုမရှိ။
စည်းကမ်းကလည်း ဘယ်နေရာမှမကျသလို အဆော့သန်သည်ကလည်း မျောက် -ီးသမန်းရှ သလို ယောက်ယက်တွေကို ခတ်နေတာပဲ။
တခါတလေ ရှောင်နေသည့်ကိုယ့်ကို ဝင်တိုက်လို့ တိုက်နေပြန်သည်။
ကလေးဖြစ်ပြီး နေရာတကာ သူနဲ့က လိုက်ပြိုင်တတ်သေးသည်။
သူက အအေးသောက်ချင်လို့ ထက်ရှိန်ကို သံပုရာရည်လေးဖျော်ပေးပါပြောရင် လိုက်ဖျော်ခိုင်း ထမင်းဝိုင်းမှာ သူစားမည့်ဟင်းကိုမှ တမင်တကာလက်နဲ့ နှိုက်စားတတ်သည့် ကလေးစုတ်။
ညတိုင်ဆိုလည်း သူတို့အခန်းထဲ လာအိပ်ချင်လို့ တဂျီဂျီလုပ်တတ်သေးသည်။
ဒါမျိုးတော့ မျက်နှာသာမပေးပေါင်။
နဂိုကမှ မတည့်ပါဘူးဆို။
ထိုကလေးကို ချော့သိပ်ပေးရသည့် မောင်ထက်ရှိန်ရဲ့အလုပ်ကလည်း ကလေးစုတ်က အတော်နဲ့မအိပ်သည်မို့ ညတိုင်းပဲ ညဥ့်နက်မှအိပ်ရာဝင်ရသည်။
တော်တော်ဒုက္ခပေးလွန်းသည့် ကလေး။

Smile AgainWhere stories live. Discover now