Zawgyi Ver
နေပူပူအောက်မှာ တဒီးဒီးကျနေသည့် ချွေးစတို့ကို လက်ခုံဖြင့်သုတ်ရင်း ကိုယ့်ကိုယ်ပြန်ငုံ့ကြည့်နေမိသည်။တစ်ကိုယ်လုံးကလည်း ရွံ့ဗွက်တွေဗရပွနဲ့ ပေကျံကာ အိုင်လူးထားသည့် ကျွဲတစ်ကောင်နှယ် မည်းပေလို့နေတော့သည်။
ဆယ့်နှစ်လရာသီ လယ်ထဲမဟုတ်ကိုင်းထဲ တစ်ခုမဟုတ်တစ်ခု လုပ်နေရသည့် သူ့မှာ ခြေဖနောင့်ကွဲကြောင်းအထပ်ထပ် ပက်ကြားအက်ရာ နေလောင်ကွက် စသဖြင့် တစ်နေ့တစ်ခြားမဲပြာလိုက်ကာ လူရုပ်ပင်မထွက်တော့ဘဲ ကျွဲနဲ့တောင် တစ်နေ့တစ်ခြားတူတူလာနေသည်။
ဖောက်ပြန်နေသည့်ရာသီဥတုကြောင့် အိမ်အပြန်မိုးချုပ်သည့် သူဟာ ရေမချိုးရသည်မှာ လေးငါးရက်ရှိနေပြီ။
တစ်ချက်တစ်ချက် ထွက်ထွက်လာတဲ့ ချဉ်စူးစူးအနံ့ကြောင့် နှာခေါင်းရှုံ့ရင်း ကိုယ့်အနံ့ကိုယ်တောင် မူးနောက်နောက်။
ရေချိုးလည်းမထူးပါဘူးလေ အမြဲတမ်း ဗွက်လူးနေရသည့် သူ့အဖို့တာ အနံ့အသက်က ဘာများအရေးပါမှာလဲ။
ရေချိုးပြန်တော့လည်း ဆပ်ပြာမဝယ်ရသေးဘူး ဆိုပြီး ဆပ်ပြာတောင် မတွန်းရသည်မို့ ချွေးနံ့တောင်မပျောက်။
ဖုန်းတောင် ဉာဏ်က လှမ်းဆက်လို့ကိုင်ရတာ။
လက်ထဲလည်း သုံးစရာ တပြားမှမရှိတဲ့ သူက ကိုသက်လွင်ကို ချေးလိုက်ရင်လည်း ရပေမယ့် ဆပ်ပြာဖိုးတောင်မရှိဘူးပြောရင် သိပ်ကို သနားစရာကောင်းနေလိမ့်မည်။ဘဝမှာ တစ်ခါမှ ဒီလောက်ထိအနေဆင်းရဲလိမ့်မယ်လို့တော့ မတွေးဖူးခဲ့။
အရင်က စုဆောင်းထားသည့် ပိုက်ဆံတွေကလည်း ထက်ရှိန်နဲ့နှစ်ယောက်တည်းနေစဉ်က ဖြုန်းလိုက်တာရော သုံးလိုက်တာရော
ယောက္ခမဖြစ်သူက ထက်ရှိန်ကျောင်းစရိတ်လိုတယ်ပြောလို့ ရက်ရက်ရောရောပေးလိုက်တာရောနဲ့ အခုများတော့ ပိုက်ဆံဆိုတာ အခွံနဲ့လားမေးယူရမလောက်။
အဲ့တုန်းကတော့ ယောက္ခမအကြောင်းကို ကောင်းကောင်းမှမသိသေးဘဲကို။
အခုလိုသာ သိရင်တော့ သုံးစရာနည်းနည်းတော့ ချန်ထားပါတယ်။
သူ့သားကိုလည်း ပိုက်ဆံယူထားတဲ့အကြောင်း မပြောပါနဲ့တဲ့။
ဉာဏ် သိရင်လည်း မသုံးဘဲနေမှာစိုးလို့ မပြောဖြစ်တော့ပါ။
ကျွန်တော့်ပိုက်ဆံက သူ့ပိုက်ဆံပဲ မလား။
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...