Part 22

793 35 2
                                    

Zawgyi Ver

လမိုက်ညရဲ့ လမ်းမအလယ်မှာ အိမ်ပြန်လမ်းဟာ မှုန်ရီဝိုးတဝါး။
အမှောင်တွေကို ကြောက်သည့် သူ့အဖို့ရာအတွက်  ရွေးချယ်စရာမရှိခဲ့။
သန်းခေါင်အပြင်တော့ ညဥ့်နက်စရာ အကြောင်းမရှိတော့ပါဘူးလေ။
ကြောက်စိတ်ကို ရိုက်ချိုးဖို့
ဘဝမှာ ပထမဆုံးအနေနဲ့ သုရာမေရာယကံကို ချိုးဖောက်ပြီး
ရွာမြောက်ဖျားက ကိုသာအောင် ထန်းတောမှာ ရဲဆေးတင်ခဲ့သည်။
ဒီနေ့တော့ဖြင့် စိတ်ထဲမှာရှိသမျှ အိတ်သွန်ဖာမှောက် အကုန်ဖွင့်ဟသွန်ချပစ်ဖို့ ကြုံးဝါးထားသည်။
ပုံမှန်ဆိုရင် ညမှောင်မှောင်မှာ ခွေးဟောင်သံအား သေလောက်အောင်ကြောက်သော်ငြား ယခုတော့ဖြင့် ဘာမထီသွေးရဲရဲပြေး ပုဆိုးကိုစလွယ်သိုင်းလျက်
ဖိနပ်ကို ခါးကြားထိုးကာ လမ်းပေါ်ကခွေးတွေနဲ့ အပြိုင် တစ်လမ်းလုံးဟောင်လာခဲ့လိုက်သည်။
မြန်မာဇာတ်ကားတွေထဲက အရက်မူးနေတဲ့ မင်းသားတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ ပုဆိုးမနိုင်ဘာမနိုင်ဖြင့် ဟောင်နေသည့် ခွေးတွေရှိရာဘက်လှည့်ကာ

"သတ္တိရှိတဲ့ကောင် ထွက်ခဲ့!!.....
ဘယ်ခွေးမှ လူမထင်ဘူးကွ
ဘယ်လူမှ ခွေးမထင်ဘူး"

သူ့ရဲ့အော်သံကြောင့် ဟောင်နေသည့် ခွေးတွေတောင် ပါးစပ်အဟောင်းသားနဲ့ ကြောင်သွားသည့်ပုံပင်။
ဝန်းရံခက လျှောကျလာသည့် စလွယ်သိုင်းပုဆိုးကို ဝတ်လိုက် ကျွတ်သွားလိုက် ထိုကျွတ်လုလုပုဆိုးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က ခွေးတွေရှိရာကို လက်ညိုးထိုးကာ

"ဟိုကောင်...ဟိုကောင် လာခဲ့စမ်း
မင်းက ဘာလို့ ငါ့ကိုဟောင်နေတာလဲ ဟမ်
ဟျောင့် ပြောစမ်း"

ခွေးမိုက်ကို စိန်ခေါ်မိသည့်အလား
မာန်အပြည့်နဲ့ ရှေ့သို့တိုးထွက်လာသည့် သူပြောစကားတွေကို နားလည်နေပုံရတဲ့ ထိုခွေးကြောင့်  စိတ်ထဲအားကိုးရာမဲ့ ကြောက်ရွံ့သွားရသည်။

"ငါ့မှာ ဘာအပြစ်ရှိလို့လဲကွာ
ငါ့မှာ ဘာအပြစ်ရှိလို့လည်းလို့...."

"ငါ့မှာ ဉာဏ့်ကို ချစ်မိတဲ့အပြစ်လေးတစ်ခုပဲ ရှိတာပါကွာ
ဘာလို့ ငါ့ကိုဟောင်နေရတာလဲ...ဗြဲ အီး...ဟီး...
ဉာဏ်ရေ...မင်းကို ချစ်လို့တဲ့ ငါ့ကို ခွေးတွေဟောင်နေကြတယ်
လာကြည့်လှည့်ပါဦး
အီး...."

Smile AgainWhere stories live. Discover now