Zawgyi Ver
နောက်ရက် မနက်မှာတော့ မိုးမိထားတာရော ရိုက်ခံထားရတဲ့အရှိန်ကြောင့် ဝန်းရံခရဲ့ တစ်ကိုယ်လုံးက မီးထွက်မတတ်ခြစ်ခြစ်တောက်အောင် ပူနေပြီး
နေမကောင်းလျက်နဲ့ ကျောင်းကို ပေကပ်ပြီးသွားရာက ကျောင်းရောက်တော့ ခေါင်းတောင်မထောင်နိုင်တော့ဘဲ Assembly ကွင်းမှာ လဲကျသွားတော့သည်။သူ နိုးထလာတော့ မအိပ်ရတာကြာပြီဖြစ်တဲ့ အိစက်ညက်ညောတဲ့မွေ့ယာခင်းထားတဲ့ ခပ်ကျယ်ကျယ်ကုတင်နဲ့ သူ့ရဲ့အိမ်က အိပ်ရာပေါ်ကို ရောက်နေတာပင်။
ယိုင်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ အခန်းပြတင်းရှိရာကို သွားပြီး ဖွင့်လိုက်ရင်း ဖြေးညင်းစွာတိုတ်ခတ်လို့လာနေတဲ့ ညရဲ့လေပြေနုနုကို ခံယူနေမိသည်။ ဒီလို လတ်ဆတ်တဲ့ လေနုအေးတွေကိုဆို သူ အရမ်းကြိုက်သည်။
"ဝန်းဝန်း...ဘာလုပ်နေတာလဲ တံခါးပြန်ပိတ်လိုက် လေအေးတွေတိုက်ပြီး ဖျားတာရှည်နေမယ်"
နွားနို့ခွက်နဲ့ ဆေးကို အိပ်ရာဘေးက စားပွဲပေါ်သို့တင်လိုက်ရင်း ဒေါ်ခင်မျိုးနွယ် သူ့ရဲ့သားကို လှမ်းဆူလို့နေသည်။
"ဝန်းဝန်းတို့များ လူကြားမကောင်း အရိုက်ခံရလို့ ဖျားတောင်ယူရတယ်....
လာ ဆေးလိမ်းရအောင်"စိတ်ထဲမှာ ဝမ်းနည်းစရာတွေရှိနေခဲ့ရင် မေမေ့အရှေ့ကိုရောက်တာနဲ့ အလိုလို ရစ်သီလာတတ်တဲ့မျက်ရည်စတွေနဲ့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ သူဟာ မေမေ့အတွက်တော့ ချစ်စရာကလေးငယ် တစ်ယောက်ပါ...။
ဒေါ်ခင်မျိုးနွယ်က ဆေးလိမ်းပေးနေရင်း ဒဏ်ရာတွေကိုကြည့်ကာ ကုတင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ တအီအီငိုနေတဲ့ သူ့ရဲ့သားကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသည်။
"အဲ့လောက်ထိ ဒုက္ခဆင်းရဲခံနေရရင်လည်း
အဆောင်မှာ မနေပါနဲ့တော့ သားရယ်"အဲ့တော့မှ ဝန်းရံခက မျက်ရည်တွေ ကပျာကယာသုတ် နှာကိုရှုပ်ကာ
"အင့်...အရိုက်ခံရတာက သားတစ်ယောက်ထဲတော့ မဟုတ်ပါဘူး မေမေ့ရဲ့
သားက နာလို့ငိုတာ မဟုတ်ဘူး ရှက်လို့ငိုတာ..."
YOU ARE READING
Smile Again
Randomအရာရာကိုစွန့်လွှတ်ပြီး မင်းကိုပဲ ရွေးချယ်ခဲ့တာတောင် တစ်စုံတစ်ယောက်နဲ့ယှဉ်လာတဲ့အခါ မင်းကတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ်.......။ ဒီအချစ်တွေက မင်းနဲ့ မထိုက်တန်ပါဘူးဆိုတဲ့ ဖြေသိမ့်စကားလေးရဲ့ နောက်ကွယ်က နာကျင်ခံစားရမှုတွေကိုတော့ ဘယ်သူကများတာဝန်ယူပေးမှာလဲ...။ မ...