Part 21

791 46 1
                                    

Zawgyi Ver

"ကိုသက်လွင်ဆိုတဲ့လူက ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ"

"ငယ်ငယ်က ဂွေးတိုလို့ အခေါ်ခံရတယ်ဆို
သဲသောင်ပြင်မှာ ဖင်တုံးလုံးနဲ့ တစ်နေကုန် လျှောက်ပတ်ပြေးနေတယ်တဲ့
ပြီးတော့ ခြင်းအောက်ကပြန်တွေ့လို့ 'အောက်ခြင်း'လို့လည်း ခေါ်တယ်ဆို.....
နာမည်ပြောင်တွေ ပေါလှပါလား"

ဝန်းရံခ အိမ်မြောက်ဘက်က သံပုရာပင်ဘေးမှာ ငုတ်တုတ်ထိုင်ရင်း ဒေါ်ထွေးခင်မရှိတုန်း ထက်ရှိန်နဲ့ ထွေရာလေးပါး  ဖုန်းခိုးပြောနေမိသည်။
ဒေါ်ထွေးခင်က ဝန်းရံခ ဖုန်းအကြာကြီးပြောနေရင် မကြိုက် အမြဲဆူငေါက်တတ်သည်။

"ဟားဟား...ဝန်းကကွာ အဲ့လူပြောတာတွေ ယုံနေတာပဲလား
ကိုယ့်ပစ္စည်းအကြောင်းကို သူက ဘယ်လိုလုပ်ပြီး သိမှာလဲ သူပြောသလို မဟုတ်ဘူးဆိုတာ ဝန်း အသိဆုံးပဲကို"

ထက်ရှိန် သူ့အကြောင်းကို အောက်ဖဲလှန်ပြီး မဟုတ်ကဟုတ်ကတွေ ပြောသည့် ကိုသက်လွင်ကို စိတ်ထဲမေတ္တာပို့နေမိသည်။

"မမြင်ရတာကြာလို့နေမယ် ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်ပြီ မမှတ်မိတော့ဘူး"

"အင်းပါ ပြန်လာရင် တစ်သက်လုံးကို မမေ့စေရတော့အောင် လုပ်ပေးမယ်"

ထက်ရှိန်ရဲ့ တိုးရှရှလေသံက ဝန်းရံခရဲ့နားထဲ တိုးဝင်လာချိန်မှာတော့ ကြက်သီးမွှေးညင်းလေးများထကာ စိတ်ထဲဖြန်းကနဲတောင် ဖြစ်သွားရသည်။ အရှေ့မှာရှိနေတဲ့ သံပုရာပင်ကို ဖုန်းပြောရင်း လက်ကမြင်းစွာ ဆိတ်ဖဲ့နေရာက ယောင်တောင်ပေါင်တောင်နဲ့ ဆုပ်ကိုင်မိလေတော့ လက်ဖျားထိပ်ဝယ် သွေးစလေးတွေ ထွက်အန်လာပါတော့သည်။

"အ့...နာလိုက်တာ"

"ဝန်းကတော့ ကိုယ်တောင်ဘာမှ မလုပ်ရသေးဘဲ နာနေပြန်ပြီ"

"ဘာတွေပြောနေတာလဲ
ဒီမှာ တကယ်နာနေတာ ကျွတ်ကျွတ်"

"ဝန်း...ဘာဖြစ်လို့လဲ"

တကယ်နာနေသည် ဆိုတာကြောင့် အကဲပိုသည်ဟုပင်ဆိုဆို ထက်ရှိန်ရဲ့ ရင်ထဲပူပန်သွားရသည်။

"သံပုရာပင်က အဆူး ဆူးတာ"

"နာသွားတာလား ဖွဖွ"

Smile AgainWhere stories live. Discover now