Part 32

1.1K 55 16
                                    

Zawgyi Ver

ခြံထဲကားဝင်လာတာနဲ့ တရုတ်ရုတ်ဖြစ်နေသည့် လူအုပ်။
ကားတံခါးဖွင့်လိုက်တာနဲ့ ကြီးမေက သူ့ဆီအပြေးကလေးလာကြိုတယ်။
ဘေးနားမှာ ရပ်နေကြသည်က မေမေ ၊ဖေဖေ ၊ဦးကြီးအေးမြင့်နှင့် မမဝိုင်းတို့ မိသားစုရယ် ပြီးတော့ ဘယ်တော့မှထပ်မြင်ဖို့ ရေစက်မရှိတဲ့ တစ်ချိန်က ကျွန်တော်၏ ယောက္ခမ။

"ဝန်းဝန်းရယ်
အဆက်အသွယ်မရ ဘာမရနဲ့
ဒီအရွယ်ရောက်နေပြီ
ကြီးမေတို့ကို ပွင့်ပွင့်လင်းလင်းပြောပါတော့လား လူကြီးတွေ စိတ်ပူရအောင်လို့
လာလာ...အထဲသွားကြမယ်"

ဝန်းရံခ မချင့်မရဲဖြစ်စွာ ဒေါ်ခင်မျိုးနွယ်ရှိရာကို လှမ်းကြည့်မိသည်။
မေမေ့ပုံစံက တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။

ဧည့်ခန်းထဲမှာ သားရေးသားရေး ဆွေးနွေးဖို့ နှစ်ဖက်မိဘ စုံစုံလင်လင်ရှိသည်ပင် ပြောရမှာပေါ့။
ထက်ရှိန်ကတော့ တည်ငြိမ်စွာပင် ဝန်းရံခ၏မိဘနှစ်ပါးကို ရိုကျိုးစွာ ခွင့်ပန်နေသည်။

"ဝန်းကရော ဘာပြောချင်သေးလည်း
ကိုယ်တို့ လူကြီးသူမအနည်းငယ်နဲ့ ဘုန်းကြီးဆွမ်းပဲ ကပ်ကြမယ်လေ
အဆင်ပြေလား...
ဟင်...အဆင်ပြေလား ဝန်း"

အသိစိတ်ကပ်မနေသူလို ငူငိုင်နေသည့် ဝန်းရံခ။
ထိုလူတွေကြားကနေ ရုတ်တရက်ကြီး ထကာ  အပေါ်ထပ်သို့ တက်သွားသည်။
ခြေလှမ်းတွေတိုင်းက အားမရှိသလို ဘာကိုမှ အမှန်အမှား ဆုံးဖြတ်နိုင်ခြင်းမရှိတော့။

ဘာကိုလိုချင်ခဲ့သလဲ
ဘယ်အရာက သူ့အတွက်ဖြေသိမ့်ရာ ဖြစ်မလည်း
ဘာက သူ့အတွက် အကောင်းဆုံးဖြစ်နိုင်သလဲ
လက်ရှိအခြေအနေမှာ သူဘာဖြစ်ချင်နေသလဲ
သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း မရှိတော့။

"နေမကောင်းဘူးလား"

အနောက်ကနေ ထပ်ကြပ်မကွာလိုက်လာသည့် ထက်ရှိန်။
မသိရင် သူကပဲ အရမ်းကြင်နာတတ်နေသလိုမျိုး။
အိပ်ရာပေါ်လှဲနေသည့်သူ့ကို စောင်ခြုံပေးပြီး ဂရုစိုက်ပြနေတာမျိုး။

ဒါက ဘာတွေများ သဘောကျပြီး ရင်ခုန်စရာကောင်းနေလို့လဲ။
လောကကြီးက တစ်ဖက်သတ်ဆန်လွန်းတာလား
ငါကပဲ လိုအပ်ချက်တွေများနေတာလား
ငါ့အတွက်ဆိုရင် ငါ့နှလုံးသားကကို ငါ့ဘက်မပါဘူး။

Smile AgainWhere stories live. Discover now