Part 10

931 50 0
                                    

Zawgyi Ver

အဆောင်မှာ မနက်ဖြန် အာစရိယပူဇော်ပွဲရှိတာကြောင့်
တစ်နေကုန် စာမသင်ပဲ ကျောင်းသားအားလုံး အနားရသည်။
ကျောင်းသားတွေကလည်း ဒီလိုအချိန်အခါကောင်း နေ့ရက်မျိုးတွေကို စောင့်မျှော်နေကြတာပင် ဖြစ်သည်။
အဆောင်နေ ကျောင်းသူကျောင်းသားများအားလုံးက မနက်ဖြန်မနက် အခမ်းအနားအတွက် ဒီနေ့ ညနေမှာကတည်းက ဟိုဟိုဒီဒီ ကျရာတာဝန်ကို ဝိုင်းကူကာဆောင်ရွက်လို့နေကြသည်။
ကန်တော့မည့်နေရာကို ယောကျာ်းလေးဆောင်နဲ့ ကပ်လျက် ဆယ်တန်း စာသင်ဆောင် အခန်းကျယ်ကြီးထဲမှာပင် ပြုလုပ်တာကြောင့် ခုံတွေနေရာရွှေ့သူကရွှေ့ တံမျက်လှည်းသူကလှည်း အမှိုက်ကျုံးသူကကျုံး ခုံစီနေသူကစီ ကောဇောခင်းတဲ့သူကခင်းဖြင့် ကိုယ်စီတာဝန်တွေနဲ့ အလုပ်ရှုပ်နေကြသည်။

"ဟေ့ ဒီထဲမှာ သင်ပုန်းပေါ် စာလုံးလှ ရေးတတ်တဲ့သူရှိလား "

"ဝန်းရံခ ရေးတတ်တယ် ဆရာ"

ဝန်းရံခ အမှိုက်လှည်းကူနေရာက သူ့နာမည်ခေါ်လိုက်သံကြောင့် မော့ကြည်လိုက်မိသည်။
ဘော်ဒါအုပ်က သင်ပုန်းပေါ်ကို စာလုံးလှရေးဖို့ လူခေါ်နေတာကို ဝလ္လာက ပါးစပ်သရမ်းစွာနဲ့ သူ့ရဲ့နာမည်ကို အော်ပြောလိုက်ခြင်းသာ...။

"ရေးတတ်လား ဝန်းရံခ"

"ဟုတ်"

ဆရာကမေးနေပြီဆိုမှတော့ ဟုတ်တယ်ပဲ ဖြေရတော့မှာပေါ့။

"အဲ့တာဆို ရေးလိုက်ဦး"

"ဟုတ်ကဲ့"

ဝန်းရံခ ကတုန်ကယင်နဲ့ စတိတ်ပေါ်သို့ ဖြေးဖြေးချင်းလေးတတ်လိုက်သည်။
ဘော်ဒါအုပ်က အာစရိယပူဇော်ပွဲ ဘာညာ ဘယ်လိုစာလုံးတွေရေးရမည်ဆိုတာကို သူ့ကိုပြောပြီး ရေးခိုင်းသည်။

"ဟေ့ ထက်ရှိန် လာခဲ့ဦး"

ဘော်ဒါအုပ်က ထက်ရှိန်ရဲ့နာမည် လှမ်းခေါ်လိုက်တာကိုပင် ဘာမှမဆိုင်သည့် ဝန်းရံခက ကြားထဲကနေ ရင်တုန်သွားရသေးသည်။

မေ့လိုက်တော့မည် ပြောကာမှ နာမည်လေးကြားလိုက်ရရုံနဲ့တင် ရင်ခုန်သွားရသည့် သူ့အဖြစ်ရယ်...။

Smile AgainWhere stories live. Discover now